ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (၈၉) နှစ်ပြည့် အခမ်းအနားတွေကို အညာဒေသတွေမှာ ပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (၈၉) နှစ်ပြည့် အခမ်းအနားတွေကို တော်လှန်ရေးအားကောင်းတဲ့ အညာဒေသက စစ်ကိုင်းတိုင်း၊ မင်းကင်း၊ ယင်းမာပင်၊ ဘုတလင်၊ ဝက််လက် ဒေသတွေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ မေလ (၈) ရက်နေ့မှာ ကျရောက််တဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ (၈၉) နှစ်ပြည့် အခမ်းအနားမှာ ခေတ်အဆက်ဆက် သမိုင်းမှတ်တမ်းဓာတ်ပုံပြသတာ၊ ဟောပြောပွဲနဲ့ကဗျာရွတ်ပွဲတွေပြုလုပ်တာ ၊စာစီစာကုံးပြိုင်ပွဲ နဲ့ စျေးရောင်းပွဲတွေကို လည်း ပြုလုပ်ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ က ဒို့ပြည် ကို ပြောပါတယ်။

“တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေလို့ ပြောရမှာပါ။ အဲနေရာတွေမှာ အသီးသီးပြုလုပ်ခဲ့တယ်။ တနေရာကို ကျောင်းသားကျောင်းသူနဲ့ ဒေသပြည်သူလူထု တရာကျော်လောက် တက်ရောက်ကြပါတယ်” လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ဗကသများအဖွဲ့ချုပ်ဟာ မြေပြင်က လူထုသပိတ်တွေနဲ့အတူ လူထုလှုပ်ရှားမှုတွေ လုပ်ဆောင်နေပြီး စစ်ရှောင်တွေကို ကူညီတာ၊ နိုင်ငံရေးဟောပြောပွဲပြုလုပ်တာ နဲ့ လူထုအကျိုးပြုလုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်နေတယ် လို့ သိရပါတယ်။

You may also like these