

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ မှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG-MOD က ဒီနေ့ မေလ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်း အမှတ်(၁)စစ်ဆင်ရေးနယ်မြေ နဲ့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေတို့ရဲ့ အစီအစဉ်၊ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)ရဲ့ ပူးပေါင်းပါဝင်မှု နဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ MOD က ဖော်ပြပါတယ်။
တိုက်ပွဲမှာ ပွိုင့်5 စက်သေနတ်၊ ၇၅ နောက်ပွင့်၊ ၈၁မမ၊ ၆၀မမ လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံ (၈၃) လက်၊ ဂျန်မာစက် (၃) လုံးနဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပြီး တိုက်ပွဲအတွင်း ရန်သူရုပ်အလောင်း (၃၀) ဦး တွေ့ရှိကာ၊ စစ်သုံ့ပန်း ( ၆ ) ဦး နဲ့ မိသားစုဝင် ( ၇ ) ဦးဖမ်းဆီးထိန်းသိမ်းရမိခဲ့ကာ စစ်ကောင်စီတပ်ရင်းမှုးအပါအဝင် အရာရှိများနှင့် တပ်သား (၅၀) ဦးခန့် စခန်းစွန့်ခွါထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF(အထူးလှုပ်ရှားဗျူဟာ)၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ (၂၇)မှ နဂါးဖြူတပ်ရင်း၊ တောင်ညိုတပ်ရင်း၊ ၇၈၀၅ တပ်ရင်း၊ ၇၈၀၁ တပ်ရင်း၊ ဒေါနတပ်ရင်း၊ Southern Eagle တပ်ရင်း၊ SOG တပ်ရင်း၊ ရန်ကုန်တိုင်းအထူးချေမှုန်းရေးတပ်ဖွဲ့ ၊ ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Cloudwings ဒရုန်းအထူးတပ်ဖွဲ့၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ မွန်ပကဖ တိုက်ခိုက်ရေးအဖွဲ့များ ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ဗျူဟာ(၂၀)မှ ၃၇၀၄ တပ်ရင်း၊ ၅၁၀၁ တပ်ရင်း၊ ရန်ကုန်ဗျူဟာစစ်ကြောင်း၊ ပဲခူးတိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ LDF တပ်ဖွဲ့များဖြစ်သော KRF၊ UDF ရော့ကက်နှင့်ဒရုန်းတပ်ဖွဲ့များ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၃) မှ တပ်ရင်း(၇) နဲ့ ဒရုန်းအဖွဲ့တွေ လက်တွဲတိုက်ပွဲဝင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။