ရခိုင် ဝါရင့်နိုင်ငံရေးသမား ကဗျာဆရာ ဦးဦးလှစော(ခ) မောင်ခိုင်အောင် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်

ရခိုင်ဝါရင့်နိုင်ငံရေးသမားလည်းဖြစ် ကဗျာဆရာ၊ စာရေးဆရာအဖြစ်လည်း ထင်ရှားကျော်ကြားခဲ့တဲ့ ဦးဦးလှစော(ခ) မောင်ခိုင်အောင် ကွယ်လွန်ခြင်း အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေဆီက သိရပါတယ်။

ဒီအခမ်းအနားကိုတော့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တနေရာမှာ ယနေ့ မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး သက်ဆိုင်ရာနယ်ပယ်အသီးသီးက ချစ်ခင်လေးစားသူတွေ တက်ရောက် ဂုဏ်ပြု အောက်မေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။

အခမ်းအနားမှာ ငြိမ်သက်အလေးပြုတာ၊ ပြန်ပြောင်းအောက်မေ့ဖွယ်စကားပြောတာ၊ ဖြတ်သန်းမှု ပုံရိပ်တွေကို ပြသတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။
ဦးဦးလှစော (ခ) မောင်ခိုင်အောင် ဟာ မတ်လ ၅ ရက်နေ့၊ ည ၁၁ နာရီ ၄၆ မိနစ်အချိန်မှာ လည်ချောင်းကင်ဆာနဲ့ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

You may also like these