

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းရွာ စာသင်ကျောင်းကို ယနေ့ မေလ ၁၂ ရက်နေ့ ၊ နံနက် ၉ နာရီ ၄ဝ မိနစ်ခန့်တွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းဒေသခံများမှသိရသည်။
အိုးတိမ်းတွင်းကျေးရွာစာသင်ကျောင်းကို မိထ္တီလာ ရှမ်းတဲလေတပ်စန်းမှ ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားကျောင်းသူ အများပြားသေဆုံးထိခိုက်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ် အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကပစ်ခတ်မှုကြောင့် ကျောင်းသား ကျောင်းသူ ၆ ဦး အပါအဝင် ၁၃ ဦး သေဆုံးခဲ့သည်။
Bagan News သည် ဒို့ပြည် ၏ မိတ်ဖက်မီဒီယာ ဖြစ်သည်။
Photo – အဖြူရောင် D.P.Y