

“ဗုံးမှန်တဲ့ငါတို့စာသင်ကျောင်း၊ ဟောဒီမှာသွေးစွန်းနေတဲ့ ကလေးတွေရဲ့ အဝတ်တွေ၊ အခုလည်းအပေါ်မှာဝဲနေတုန်းပဲ။ ကလေးတွေရဲ့ ပညာသင်ကြားမှုအတွက် ဘာဖြစ်လို့ ဒီလိုလုပ်တာလဲ”
နိုင်ငံတကာက ကူညီနိုင်တဲ့သူတွေရော ကျမတို့ကလေးတွေ ဘယ်လောက်ထိသေမှ ဘယ်လောက်ထိ ဆုံးရှုံးမှ အသံထွက်ပြီး ပြောပေးကြမှာလဲ အားလုံးနားတွေ မကြားကြတော့ဘူးလား ကျမတို့ကလေးတွေအတွက် save our children ကျမတို့ကလေးတွေအတွက်ကူညီပေးကြပါအုံး လူ့အခွင့်အရေးလူ့အခွင့်အရေး လို့ ပြောနေတယ် အခုဒီလိုဖြစ်တယ်ကလေးတွေ သေကြေတယ်၊ စာသင်ကျောင်းတွေပျက်စီးတယ် ဒါကရော လူ့အခွင့်အရေးကို ချိုးဖောက်တာမဟုတ်ဘူးလား ကျမတို့ မငိုဘူး တင်းထားမယ်”
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်း၊ အိုးထိမ်းတွင်းကျေးရွာမှာ စစ်ကောင်စီတပ်လေယာဥ်ဗုံးကြဲ ခံရလို့ ကလေးငယ်တွေနဲ့ ဆရာမ စုစုပေါင်း ၂၂ ဦးသေဆုံးခဲ့တဲ့ နေရာကို ရောက်နေတဲ့ CDM ကထိက ဒေါ်ရတီအုန်း ရဲ့ ပြောဆိုမှုရုပ်သံ(ဗုံးကြဲခံရတဲ့ မေလ ၁၂ ရက်နေ့၊ ည ၁၀ နာရီမှာ ဆရာမရဲ့ လူမှုကွန်ရက်ကနေ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။