

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်း ကျေးရွာ ကြားကာလပညာရေးစာသင်ကျောင်း ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ သေဆုံးခဲ့ရတဲ့ ဆရာမ မဒေါ်ပန်းမို့မို့ဝေ (အသက်၂၂နှစ်) ရဲ့ စျာပန ကို ပြုလုပ်ခဲ့ပါတယ်။
ဒီစျာပန ရုပ်သံမတ်တမ်းကိုတော့ CDM ကတိက ဒေါ်ရတီအုန်း က မေလ ၁၄ ရက်နေ့ ညနေ ၆ နာရီမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဗုံးကြဲမှုဖြစ်စဉ်မှာ ကျောင်းသူ/သား ၂၂ ဦးနဲ့ ဆရာမ ၂ ဦး စုစုပေါင်း ၂၄ ဦးထိ သေဆုံးခဲ့ရသလို ဒဏ်ရာရရှိသူများစွာလည်း ဆေးကုသမှုခံယူနေရပါတယ်။
ရုပ်သံ-ဒေါ်ရတီအုန်း(CDM ကတိက)