

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ္တလင်းမြို့နယ်၊ ပဲခူးရိုးမအစပ်မှာရှိတဲ့ ကျောက်ခွက်အုပ်စု၊ ထန်းတောကျေးရွာ နဲ့ ကျောက်ဆွယ်ကျေးရွာ တို့ကို စစ်ကောင်စီတပ်က မီးရှို့ကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့လို့ မြို့ခံတွေကဆီက သိရပါတယ်။
မေလ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေမှာ မီးရှို့ပစ်ခတ်နေတာဖြစ်ပြီး ထန်းတောကျေးရွာ တရွာတည်းမှာပဲ နေအိမ် ၁၀၀ ခန့်မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
“စစ်ရှောင်ကတသောင်းကျော်၊ အိမ်ခြေကတရာကျော် ထန်းတောရွာတရွာတည်း။ တိုက်ပွဲကတော့ဖြစ်တယ်။ အကုန်ပြေးနေရတာ” လို့ ဒေသခံအမျိုးသားတဦးက ဒို့ပြည် ကိုပြောပါတယ်။
မီးမရှို့ခင်မှာ စစ်ေကောင်စီတပ်သားတွေနဲ့ ပျူတွေက အိမ်ရှိတန်ဖိုးကြီပစ္စည်းတွေကို သိမ်းယူသွားသလို နေအိမ်တအိမ်ထဲကနေ မတ်ပဲ တင်း ၁၅၀ ကျော်ကိုယူဆောင်သွားသေးတယ်လို့ ဆက်ပြောပါတယ်။
အဲဒီရွာတွေဟာ နတ္တလင်းမြို့နယ် ၉ မိုင်ခန့်သာကွာဝေးတဲ့နေရာဖြစ်ပြီး ယခင်ရက်က အဲဒီအနီးမှာ တော်လှန်ရေးအင်တားစုတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ပါသေးတယ်။
“ထန်းတပင်ဘက်ကသူအမျိုးတွေကတော့ ရွာဘက်ကို ရောက်နေကြပြီး လက်နက်ကြီးတွေပစ်လို့ ရွာမှာအခြေအနေမကောင်းဘူး” လို့ ပေါင်းတည်မြို့ဒေသခံအမျိုးသမီးတဦးက လည်း ပြောပါတယ်။
မီးရှို့ခံထားရတဲ့ရွာတွေနဲ့ စစ်ရှောင်နေရသူအချို့ဟာ နယ်မြေချင်းထိစပ်နေတဲ့ ပေါင်းတည်မြို့နယ် ထဲကိုလည်း ရှောင်ရှားနေကြရတယ်လို့ ဒေသခံတွေဆီက သိရပြီး မူလနေထိုင်ခဲ့ရာရွာတွေကို ပြန်လည်နေထိုင်နိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
အလားတူ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ထဲက ရွာ ၂ ရွာမှာလည်း စစ်ကောင်စီစစ်ကြောင်းထိုးပစ်ခတ် ဝင်ရောက်လာလို့ ယနေ့မှာပဲ ဒေသခံတွေ ရှောင်တိမ်းနေကြရတယ်လို့ သိရပါတယ်။