ဥသျှစ်ပင်မှာ လူငယ်တဦး ပေါ်တာဆွဲခံရပြီး စခန်းရောက်မှ ရဲနဲ့အမျိုးတော်လို့ ပြန်လွတ်လာ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ ဘင်္ဂကျေးရွာအနီးမှာ လူငယ်တဦးကို ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်ဖူး-ဘင်္ဂကျေးရွာချင်းဆက်လမ်းပိုင်းမှာ မေလ ၁၅ ရက်နေ့ ညနေ ၄ နာရီကျော် က ဆိုင်ကယ် ၂ စီးနဲ့ အရပ်ဝတ် ၃ ဦးဟာ ကိုဇော်ထက်အောင်(၂၅ နှစ်) ကိုဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရချိန် ပန်းတောင်းမြို့နယ်ရဲစခန်းမှာ တာ၀န်ကျနေတဲ့ ၀မ်းကွဲအမတော်စပ်သူ ရဲမေ မေဇင်မြင့်ဦး နဲ့ ရွှေဇင်မြင့်ဦး (အဖ-ဦးမြင့်ဦး )တို့မှ ၎င်းတို့မောင်ဟုပြောဆိုပြီး ပြန်လည်ထုတ် သွားတယ်လို့ သိရပါတယ်။

“ရဲအမျိုးမလို့ ပြန်ရတာလား၊ သူတို့အားကိုးနေတဲ့စစ်တပ်ကို အယုံကြည်မရှိလို့ ထည့်မပေးတာလား၊ ပြည်သူချင်းအတူတူ သူတို့အမျိုးကျ မထည့်ချင်ဘူး သူများတကာကြ ကြက်ခလေးငှက်ခလေးလို လိုက်လံဖမ်းစီးနေကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ယခုရက်ပိုင်း ပန်းတောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်၊ အုပ်ချုပ်ရေးမှူးတွေက လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်လာနေပြီး ငွေပေးရွေးရတာနဲ့ လူစားထိုးထည့်ရတာတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးရမိတဲ့ လူငယ်တွေကိုတော့ ပန်းတောင်းမြို့နယ် ထွေအုပ် AD၊ ဒုဦးစီးနဲ့ ရဲတွေပေါင်းပြီး တဦးကို ၇၅ သိန်းနဲ့ ရောင်းစားနေတယ်လို့ ဒေသခံတွေက ဒို့ပြည် ကို ပြောပါတယ်။

သတင်း-ရိုးမမင်းသား၊ တည်းဖြတ်-ခက်ငြိမ်း

You may also like these