စာသင်ကျောင်း ဗုံးကြဲခံရမှု သက်သေခံ ဗုံးအပိုင်းအစတွေကို ထုတ်ပြ လိုက်တဲ့ ဆရာမ (ရုပ်/သံ)

မေ ၁၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ ကြားကာလပညာရေးကျောင်းကို စစ်ကောင်စီလေတပ်က ကြဲချခဲ့ရာမှာ ကျန်ခဲ့တဲ့ ဗုံးအပိုင်းအစ တွေကို CDM ကတိကဆရာမ ဒေါ်ရတီအုံးက ထုတ်ဖော်ပြသလိုက်ပါတယ်။
ဒီဗုံးအစအနသက်သေတွေကို ယနေ့ မေလ ၁၈ ရက်နေ့ နေ့လည် ၂ နာရီခန့်က ရုပ်သံဖိုဒ်နဲ့ ထုတ်ဖော်ရှင်းလင်းပြသခဲ့တာ ဖြစ်ပြီး ကျွမ်းကျင်ပညာရှင်တွေက ဆက်လက်စစ်ဆေးအဖြေရှာပေးကြဖို့ကိုလည်း ဆရာမ က ပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က စစ်ကောင်စီလေတပ်ကနေ အိုးတိန်တွင်း စာသင်ကျောင်းပေါ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းသူ/ကျောင်းသား ၂၂ ဦးနဲ့ ဆရာမ ၂ ဦးသေဆုံးခဲ့ရပြီး ပြင်းထန်ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ပါတယ်။

You may also like these