

မေ ၂၃၊ ၂၀၂၅
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဇာတိဖြစ်တဲ့ ဗိုလ်ကြီးမျိုးထက်အောင် နဲ့ တပ်ကြပ်ကြီး သက်ဝေဦး တို့ဟာ ရဟတ်ယာဉ်ပျက်ကျတဲ့အထဲ ပါသွားကာ သေဆုံးခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
သေဆုံးခဲ့သူတွေဟာ ရွေတောင်မြို့နယ်၊ ဖိုးခေါင်ရွာက ရဟတ်ယာဉ်မောင်းဗိုလ်ကြီးမျိုးထက်အောင်(အဖ-ဦးမျိုးဝင်း) နဲ့ ကံပေါက်ကုန်းရွာက တပ်ကြပ်ကြီးသက်ဝေဦး(အဖ-ဦးကိုမြင့်) တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။
“မျိုးထက်အောင်ရဲ့ မိသားစုက လိုက်သွားကြပြီး တပ်မှာပဲသင်္ဂြိုဟ် တယ်လို့သိရတယ်။ အလောင်းပြန်မရလို့ ဓါတ်ပုံနဲ့ပဲ သင်္ဂြိုဟ်လိုက်ရတယ်။ နောက်တယောက်ကသူလေယာဉ်နဲ့ပါသွားတာ တပ်ကြပ်ကြီးတယောက်” လို့ ဒေသတွင်းတော်လှန်ရးအဖွဲ့တာဝန်ရှိသူတဦး က ပြောပါတယ်။
နှစ်ဦးစလုံးရဲ့ ရုပ်အလောင်းတွေကို ပြန်လည်မရရှိဘဲ ယမန်နေ့ မေလ ၂၂ ရက်နေ့မှာ ဓါတ်ပုံတွေနဲ့သာ သင်္ဂြိုဟ် လိုက်ကြရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က ဗန်းမော်တိုက်ပွဲမှာ ရဟတ်ယာဉ် ၃ စင်းထဲက ၂ စင်းကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့ပြီး Mi-17 ရဟတ်ယာဉ်ဟာ ပျက်ကျခဲ့ကာ ဗိုလ်ကြီ’တွေအပါ ၈ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ-လူမှုကွန်ရက်ကကူးယူဖော်ပြပါသည်။