မင်္ဂလာဧည့်ခံပွဲ‌နေအိမ် ဗုံးကြဲတိုက်ခိုက်ခံရလို့ သတို့သမီး နဲ့ ကလေးငယ်တွေအပါ ၁၀ ဦး သေဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဧည့်ခံပွဲ‌နေအိမ်ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ မေလ ၂၅ရက်၊ မနက်ပိုင်းက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲ က သတင်းထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ နေအိမ်ပျက်စီးကာ သတို့သမီးနှင့်ကလေးငယ်များ အပါအဝင် (၁၀)ဦးမှာ နေရာတွင် သေဆုံးခဲ့ရပြီး ( ၂၀)ကျော်ခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ရပါတယ်။

“အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာကျေးရွာတွေ၊ လူစည်ကားရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က စစ်ကောင်စီလေတပ်ကနေ အိုးတိန်တွင်း စာသင်ကျောင်းပေါ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းသူ/ကျောင်းသား ၂၂ ဦးနဲ့ ဆရာမ ၂ ဦးသေဆုံးခဲ့ရပြီး ပြင်းထန်ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ပါတယ်။

ဒါ့အပြင် မေလ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာလည်း ကျောက်တော်မြို့၊ လူနေရပ်ကွက်တခုကို စစ်ကောင်စီတပ်က ရက်ဆက် ဗုန်းကြဲလို့ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါ သေဆုံးသူ ၁၄ ဦးထိရှိခဲ့ပါတယ်။

You may also like these