ပေါက်ခေါင်းမြို့နယ် သိုက်ချောင်းရွာကို စစ်ကောင်စီက မီးတင်ရှို့နေ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သိုက်ချောင်းရွာ ကို စစ်ကောင်စီက ယနေ့မေလ ၂၆ ရက်နေ့ နေ့လည် ပိုင်းမှာ မီးတင်ရှို့နေတယ်လို့ ဒေသခံတွေက ဒို့ပြည် ကို ပြောပါတယ်။

မီးရှို့ခံရလို့ အိမ်ခြေ ၁၀ အိမ်ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး စစ်ရှောင် ၅၀၀ ကျော် ရှိတယ်လို့ဆိုပါတယ်။ လက်ရှိ မွန်းလွဲ ၃ နာရီခွဲအထိ စစ်ကောင်စီစစ်ကြောင်းက ရွာမှာ ရှိနေဆဲဖြစ်ပြီး အနီးနားရွာတွေကို လက်နက်ကြီးနဲ့ ပစ်နေတယ်လို့ ဆိုပါတယ်။

 

You may also like these