

ဇွန် ၁၊ ၂၀၂၅။
ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်များအစည်းအရုံး(AASYC) ရဲ့ (၅) ကြိမ်မြောက်ညီလာခံဖွင့်ပွဲကို ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီဖွင့်ပွဲကိုတော့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မှာပြုလုပ်ခဲ့တာဖြစ်ပြီး AASYC ရဲ့ တာဝန်ရှိသူများ၊ နိုင်ငံရေးအင်အားစု၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေအပြင် အခြားဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
ညီလာခံနဲ့ပတ်သက်ပြီး မိတ်ဖက်အင်အားစုတွေက သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပြီး အမှတ်တရစကားပြောကြား ဆွေးနွေးတာတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။
ဖွင့်ပွဲအပြီးမှာတော့ ညီလာခံကို ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး AASYC ရဲ့ အခြေခံမူကြမ်းကိုလည်း အကျယ်တဝင့်ဆွေးနွေးသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
AASYC ဟာ သီးခြားလွတ်လပ်ပြီး အကြမ်းမဖက် ရခိုင်လူငယ်အမျိုးသား တော်လှန်ရေး အင်အားစုတရပ်ဖြစ်တယ်လို့ သိရပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
Website- https://dohpyay.com/
Telegram- t.me/dohpyay
YouTube- https://www.youtube.com/@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
#ဒို့ပြည်
#နိုင်ငံရေး #AASYC #ရခိုင်အမျိုးသား #မဲဆောက် #ထိုင်းနိုင်ငံ #ညီလာခံ