ပဲခူးရိုးမ၊ ပေါက်ခေါင်းနယ်မှာ ကျွန်းသစ် ခိုးထုတ်မှုများလာ

ဇွန် ၃၊ ၂၀၂၅။

ပဲခူးရိုးမသစ်တောတွေကနေ သစ်မှောင်ခိုသမားတွေ နဲ့ စစ်ကောင်စီအကြီးပိုင်းတွေပူးပေါင်းပြီး သစ်ခိုးထုတ်မှုအများအပြား လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီလိုသစ်ခိုးထုတ်ရာမှာ အုတ်တွင်း-ပေါက်ခေါင်း လမ်းကို အသုံးပြုပြီး နေ့စဉ်ဆိုသလို ကားအစီးရေ ၂၀ ထက်မနည်းထွက်နေတယ်လို့ ပြောကြပါတယ်။

“သစ်မှောင်ခိုသမားတွေက စစ်ကောင်စီခေါင်းကြီးပိုင်းတွေအတွက် သစ်ထုတ်ပေးတယ်။ သူတို့ကိုယ်တိုင်လည်း ကားတွေနဲ့ထုတ်တယ်။ ပေါက်ခေါင်းလမ်းပိုင်းကိုဆင်းကြတာ” လို့ ဒို့ပြည် ရဲ့ ပေါက်ခေါင်းသတင်းရင်းမြစ်က ပြောပါတယ်။

သစ်ထုတ်နယ်မြေတွေအဖြစ် တောင်ငူဂွင် နဲ့ ပေါက်ခေါင်းဂွင်တို့ ရှိနေပြီး ပေါက်ခေါင်းဘက်ကနေ ဆင်းနေတဲ့ သစ်ထုတ်ကား နေ့စဉ် အစီး ၂၀ ကျော်မှာရှိနေတယ်လို့ သိရပါတယ်။

“ဘယ်နှစ်စီးလောက်ဆင်းနေတာ ခန့်မှန်းရခက်တယ် တနေ့ကို အနည်းဆုံး ၁၀ စီး အစီး ၂၀ လောက်ဆင်းကြတယ်။ ကျွန်းတွေချည်းပဲ ပျဉ်းကတိုးတောင်မပါဘူး” လို့ တော်လှန်ရေးအဖွဲ့တာဝန်ရှိသူတဦး ကလည်း ပြောပါတယ်။

အခုလိုစစ်ကောင်စီနဲ့ ပူးပေါင်းပြီး သစ်ထုတ်နေသူတွေကတော့ ဟာကြီး၊ ဟာလေး၊ ပေါက်ခေါင်း
အငယ်ကောင်(ခ)စိုးထက်အောင် ပေါက်ခေါင်းထွေအုပ်စာရေး တို့ နာမည်ကြီးတယ်လို့ သူက ဆက်ပြောပါတယ်။

“သူတို့က စစ်–တွေအတွက်လည်း ကားအစီးရေသီးသန့်ထုတ်ပေးတယ်။ သူတို့အတွက်လည်း ထုတ်တာပေါ့” လို့ တော်လှန်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သစ်ကားတွေဟာ ပေါက်ခေါင်းဘက်ကိုဆင်းဖို့အတွက် စစ်ကောင်စီရဲ့ဂိတ်တွေဖြစ်တဲ့ ဘော်ဒါဂိတ်
၊ တောင်လည်ဂိတ်၊ ချင်းလည်ဂိတ်၊ ရွာပုဂိတ်၊ ၅၃ ဂိတ် တို့ကိုဖြတ်သန်းရပြီး ဖောကား(၁) စီးကို သစ်(၇) တန်ခန့်ပါတတ်ပြီး တစီးကို ၃ သိန်းကနေ ၅ သိန်းအထိ အစားစားပေးရတယ်လို့ သိရပါတယ်။

ပဲခူးရိုးမဟာ မြန်မာ့ကျွန်းသစ်မူရင်းဒေသတခုဖြစ်ပြီး NLD အစိုးရလက်ထက် ၂၀၁၇-၁၈ ဘဏ္ဍာ ရေးနှစ်မှ စတင်ကာ သစ်ထုတ်လုပ်မှုကို ၁၀ နှစ်ကြာ ရပ်နားထားဖို့ ထုတ်ပြန်ကြေညာထားရာဒေသ လည်းဖြစ်ပါတယ်။

You may also like these