

ဇွန် ၄၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အနီး ပုသိမ်-မုံရွာ လမ်းပေါ်မှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆက်ရှိနေတယ်လို့ သိရပါတယ်။
ဇွန်လ ၄ ရက် ယနေ့နံနက် ၅ နာရီခန့်က စစ်တပ်လက်ကိုင်တုတ် ဖြူကျဲ နဲ့ ပြည်သူ့စစ်အဖွဲ့ဟာ ပုသိမ်-မုံရွာလမ်းဘေး ဘူးဘက်၊ ရပ်သာ ကျေးရွာတွေဘက်မှာ ပေါ်တာဆွဲဖမ်းဆီးရာမှာ လှည်းသမား ၁ ဦးနဲ့ ရွာတွေကိုဆိုင်ကယ်နဲ့စျေးလှည့်ရောင်းသူ ၁ ဦးတို့ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့က မနက်မိုးမလင်းသေးဘူး စဖမ်းနေတော့စျေးရောင်းမယ့်သူတွေ၊ စျေးဝယ်မယ့်သူတွေ၊ ကလေး ကျောင်းပို့မယ့်သူတွေ၊ လယ်ထဲဆင်းမယ့် ပြည်သူတွေ အကုန်အခက်အခဲ တွေ့နေရပါတယ်။” လို့ ဒေသခံတဦး ကပြောပါတယ်။
ဒါ့အပြင် ကျောက်ဖူးရွာထိပ်မှာ ကားကိုတားပြီး မှတ်ပုံတင်စစ်ဆေးကာ ခေါ်ဆောင်သွားတာလည်းရှိတယ်လို့ ဆိုပါတယ်။
“ဖြူကျဲနဲ့အတူတူ မိုက်ရိုင်းနေတာက ဒုမြို့နယ်မှူးချစ်ကိုကိုပါ။ ပြည်သူတွေ သွားလာဂရုစိုက်ကြဖို့လိုပါတယ်” လို့ မြို့ခံက ပြောပါတယ်။
ဖြူကျဲဟာ စစ်တပ်သတင်းပေး နဲ့ စစ်မှုထမ်းဖမ်းဆီးရာမှာ ဦးဆောင်ပါဝင်နေသူဖြစ်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ မေလအတွင်းကလည်း ပန်းတောင်းမြို့နယ်ထဲမှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ်များစွာရှိပြီး အချို့ကိုတော့ ငွေနဲ့ပြန်လည်ရွေးယူကြရသလို၊ ရဲနဲ့အမျိုးတော်လို့ ပြန်လွှတ်ပေးလိုက်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#ဒို့ပြည်
#ပန်းတောင်း #ရခိုင်ရိုးမ #စစ်မှုထမ်း #အုပ်ချုပ်ရေး #ဒို့ပြည် #လူထု #သတိပြုပါ #မျှဝေပါ