ပြည်ခရိုင်ထဲမှာ လိုင်စင်မဲ့ယာဉ်တွေကို လမ်းကြိုလမ်းကြားအထိ လိုက်ဖမ်း

ဇွန် ၇ ၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်ထဲက မြို့နယ်တွေမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမိန့်နဲ့ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးတာမှာ လမ်းကြိုလမ်းကြားတွေနဲ့ နေအိမ်တွေထဲထိတောင် ဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဇွန်လ ၁ ရက်နေ့ကစတင်ပြီး လိုင်စင်မဲ့ယာဉ်တွေကို စီမံချက်နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး ပြည်မြို့ပေါ်တွင်မကဘဲ မြို့သစ်အစွန်အဖျား လမ်းကြိုလမ်းကြားနဲ့ ဖြတ်လမ်းတိုတွေမှာ ပိတ်ဆို့စောင့်ဆိုင်း ဖမ်းဆီးခဲ့တယ်လို့ မြို့ခံအမျိုးသမီးတဦးက ဒို့ပြည် ကို ပြောပါတယ်။

“သုံးလေးရက်လောက်ရှိပြီ။ မာန်အောင်ထွန်းဟိုတယ်လမ်းကြားနဲ့ ကားကြီးဝန်းနောက်လမ်း၊ မာန်အောင်လမ်းတွေမှာ တယောက်စီစောင့်ပြီး နေတာ။ ဖမ်းတာကတော့အဖွဲ့စုံပဲ အိမ်ထဲဝင်ဖမ်းတာတော့ သတင်းအတိအကျရတဲ့ကားတွေလောက်ပါပဲ” လို့ သူကဆက်ပြောပါတယ်။

အလားတူ ပန်းတောင်းမြို့နယ်နဲ့ ပေါင်းတည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်တို့မှာလည်း လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

“လူတွေကအတော်ဘေးကျပ်နံကျပ်ဖြစ်မဲ့ကာလလို့မြင်ပါတယ်။ မရှိတဲ့လက်လုပ်လက်စားလည်းမထွက်ရဲ။ လက်ရှိ လောင်မြိုက်နေတာတော့ ဘုန်းကြီးအများစုနဲ့ သူ့လူတွေပါပဲ” လို့ ပေါင်းတည်မြို့ခံ အမျိုးသမီးတဦးကလည်း ပြောပါတယ်။

လိုင်စင်မဲ့မော်တော်ယာဉ်တွေကိုဖမ်းဆီးဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က မေလထဲမှာညွှန်ကြားခဲ့တာဖြစ်ပြီး အခြေခံလူတန်းစားတွေမှာ ဆိုင်ကယ်အများစုသာလိုင်စင်မဲ့ရှိနေပြီး၊ သာသနာရေးနဲ့ စစ်ကောင်စီလုပ်ငန်းရှင်တွေ၊ ဝန်ထမ်းတွေကြားမှာ လိုင်စင်မဲ့ကားစီးနင်းမှု များပြားနေတာဖြစ်ပါတယ်။

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။

YouTube- https://www.youtube.com/@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/

@dohpyay


Telegram- t.me/dohpyay
#ဒို့ပြည်
#ပြည်ခရိုင် #လိုင်စင်မဲ့ #စီမံချက် #လူထု #သတိပြုပါ #မျှဝေပါ

You may also like these