ကြို့ပင်ကောက်မြို့က စစ်မှုထမ်းတဦးပစ်ခတ်ခံရလို့ သေဆုံး လက်ပစ်ဗုံးနဲ့ကျည်အချို့ သေဆုံးသူဆီကသိမ်းဆည်းရမိ

ဇွန် ၇၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် စစ်တပ်ဂိတ်မှာ ငွေကောက်ခံနေတဲ့ စစ်မှုထမ်းဟောင်း ၁ ဦးပစ်ခတ်ခံရပြီးနေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ယနေ့ ဇွန်လ ၇ ရက်နေ့ နံနက် ၁၀ နာရီခန့်က ကြို့ပင်ကောက်မြို့နယ်၊ ကိုင်းယားရှည်ရွာ ဂိတ်ထိုင်ကာ ငွေကောက်ခံနေတဲ့ စစ်မှုထမ်းဟောင်း ကိုယ်ပိုင်အမှတ် (တ/၁၆၅၆၄၁) တပ်ကြပ်အဆင့် ရာဇာကြီး(ခ) စိုးရာဇာကို တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့ က သေနတ်နဲ့ ၃ ချက်ပစ်ခတ် ရှင်းလင်းခဲ့တာလို့ အဲဒီတပ်ဖွဲ့ဆီက သိရပါတယ်။

“သူကတပ်ကြပ်ကြီး ခ-တွေနဲ့ ဂိတ်ကြေးကောက်နေတဲ့အချိန် သူတယောက်ထဲဂိတ်ကို မဝင်ပဲနဲ့ အပြင်ထွက်လာတာ၊ ဆိုင်ကယ်ရပ်ပြီး လူမရှိတဲ့အိမ်ကို ဝင်သွားတာမှာပစ်တာ” လို့ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့ ဒုတပ်ခွဲမှူးကိုမိုးသီး က ဒို့ပြည် ကိုပြောပါတယ်။

စိုးရာဇာဆီကနေ လက်ပစ်ဗုံး ၁ လုံး၊ ကျည် ၉ ဝောာင့်၊ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၁လုံး၊ ပိုက်ဆံ (၁၅၀၀၀)ကျပ် နဲ့ မှတ်ပုံတင်၊ စစ်မှုထမ်းဟောင်း ကတ်ပြား တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စိုးရာဇာဟာ ဒေသခံပြည်သူတွေကို စစ်မှုထမ်းကြေးကောက်တာ၊ လမ်းသွားလမ်းလာ ပြည်သူတွေ ဆိုင်ကယ်သမား၊ ကားသမားတွေကို ဂိတ်ကြေးကောက်ခံတာတွေ ပြုလုပ်တယ်လို့ ဒုတပ်ခွဲမှူးကိုမိုးသီး က ပြောပါတယ်။

“ယနေ့အချိန်မှစပြီး ပြည်သူတွေကို အနိုင်ကျင့် စစ်မှူမဖြစ်မနေထမ်းခိုင် နေတဲ့အုပ်ချုပ်ရေးမှူးတွေကို နေရာမစိုင်း သုတ်သင် ရှင်းလင်းသွားမှာလို့သတိပေးချင်တယ်။ မိဘပြည်သူတွေအနေနဲ့လည်း စကစ နဲ့ စကစ ရဲ့ ယန္တရားတွေ နဲ့ ဝေးဝေးရှောင်ကြဖို့ သတိပေးလိုပါတယ်” လို့ သူက ပြောပါတယ်။

ပစ်ခတ်ခံရသူ စစ်မှုထမ်းဟောင်းစိုးရာဇာရဲ့ အချက်အလက်တွေကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/

@dohpyay


Telegram- t.me/dohpyay
#ဒို့ပြည်
#သာယာဝတီခရိုင် #စစ်မှထမ်းဟောင်း #ကြို့ပင်ကောက်HEROပြောက်ကျားတပ်ဖွဲ့ #လူထု #သတိပြုပါ #မျှဝေပါ

You may also like these