

သို့/
ဒို့ပြည်
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကသစ်တိုင်းအုပ်စု၊ သရက်ပင်ကွင်းကျေးရွာက ကလေး ၂ ယောက်ဖခင် ကိုချစ်အေး(၂၇နှစ်) ကို ဇွန်လ ၃ ရက် ည ၁၁ နာရီ မိနစ် ၄၀ ခန့်က နေအိမ်ပေါ်အထိ တက်ပြီး ဝင်ဖမ်းသွားပါတယ်။
ကိုချစ်အေးမှာ KG တန်းတက်နေတဲ့ သား ၁ ဦးနဲ့ ၁ နှစ်အရွယ် သမီးလေး ၁ ဦးကျန်ရစ်ပြီး မိသားစုနဲ့အဆက်သွယ်မရတော့ဘဲ စစ်မှုထမ်းရမယ်လို့ ပြောသွားပါတယ်။
ဝင်ဖမ်းသူတွေကတော့ ရာအိမ်မှူးဇော်မင်းထွန်း၊ ရာအိမ်မှူးငမြင့်၊ ရာအိမ်မှူးဝင်းခိုင် နဲ့ အမည်မသိရတဲ့ပျူစောထီး ၂ ဦး၊ အုပ်ချုပ်ရေးမှူးဦးဌေးအောင်တို့ ဖြစ်ပါတယ်။
တခြားရာအိမ်မှူးနဲ့ ရပ်မိရပ်ဖတွေကလည်း ကျေးရွာမှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့မိသားစုဝင်တွေဆီက မဖြစ်မနေစစ်မှုထမ်းဖို့ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။
ပေးပို့သူ- ဒေသခံပြည်သူတဦး
ပေးစာပို့မယ်ဆို—
– page mssenger(chat box)
– contact@dohpyay.com
တို့ကနေ ရေးသားပေးပို့နိုင်ပါတယ်။
#ဒို့ပြည် #ပေးစာ #လူမှုဘဝ #စာရေးမယ်