

ဇွန် ၁၀၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ထဲကကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
လက်ရှိမှာ ရှောင်တိမ်းနေကြရတဲ့ကျေးရွာတွေကတော့ သရက်တိုက်ရွာ၊ ဒေါင်ကြီးရွာ နဲ့ ကွင်းကြယ်ရွာတွေဖြစ်ပြီး ၁ ရွာကို အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့အတွက် ရှောင်တိမ်းရသူ ရာချီရှိပြီး အတိအကျစာရင်းမကောက်ယူနိုင်သေးဘူးလို့ ဆိုပါတယ်။
ယမန်နေ့ ဇွန်လ ၉ ရက်နေ့ည ၇ နာရီခန့်က စတင်ပြီး ၁၂၀ မမ၊ ၁၃၀ မမတွေနဲ့ပစ်ခတ်နေတာဖြစ်ပြီး ည ၉ နာရီခန့်မှာ ရပ်တန့်သွားတယ်လို့ သိရပါတယ်။
“ဒီကောင်တွေကအဝေးကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတာ ရမ်းသမ်းထုနေတာ အခုဆိုရင် ပြည်သူတွေက အကုန်ကြောက်ရွံ့ကုန်တာပေါ့ ရွာတွေထဲကို ပစ်ထည့်တယ်။ သရက်တိုက်၊ ဒေါင်ကြီး၊ ကွင်းကြယ်ရွာတွေထဲကို ပစ်ထည့်နေတာ” လို့ ဒေသခံတဦး က ဒို့ပြည် ကို ပြောပါတယ်။
လက်ရှိ ယနေ့ ဇွန်လ ၁၀ ရက်နေ့နံနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်သား တွေကို ဖောကား ၃ စီးနဲ့ လာပို့သွားပြီး စစ်ကြောင်းထိုးဖို့ပြင်ဆင်နေပြီလို့ သိရပါတယ်။
လက်နက်ကြီးပစ်ခတ်နေတဲ့ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ကတည်းက စစ်ကြောင်းထိုး တက်လာနေတာလို့ သိရပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Tiktok- https://www.tiktok.com/@dohpyay
Telegram- t.me/dohpyay
#ဒို့ပြည်
#ပဲခူးတိုင်းအနောက်ခြမ်း #သာယာဝတီခရိုင် #ကြို့ပင်ကောက်မြို့နယ် #စစ်ဘေးရှောင် #လူထု #သတိပြုပါ #မျှဝေပါ