

ဇွန် ၁၆၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်တက္ကသိုလ်ထဲမှာ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်းသင်တန်းကို ပြုလုပ်သွားမယ်လို့ လုံခြုံရေးအရအမည်မဖော်လိုသူတဦးက ဒို့ပြည် ကိုပြောပါတယ်။
လာမယ့် ဇူလိုင်လ ၁ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကို ပြည်မြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာသင်ကြားရေး ဆရာ/ဆရာမ တွေကို ၁ ကျောင်း ၄ ဦးစီနဲ့ သင်တန်းပို့ချဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
“၁ ရက်နေ့ကနေ ၁၁ ရက်နေ့အထိပေါ့။ ကြားထဲမှာ ၅ ရက်နဲ့ ၆ ရက် ကပိတ်ရက်နားမယ်။ ရွေးကောက်ပွဲကျင်းပဖို့ စက်ကိုင်သင်တနိး ဆရာ၊ ဆရာမတွေကိုပေးမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က သင်တန်းပြန်လည်ပို့ချပေးမှာပါ” လို့ အမည်မဖော်လိုသူက ပြောပါတယ်။
ပြည်မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၂၀၀ ကျော်ရှိရာ တကျောင်း ၄ ဦးနှုန်းနဲ့ ဆရာ/ဆရာမ ၈၀၀ ကျော်တက်ရောက်မယ်လို့လည်း သိရပါတယ်။
လက်တွေ့အသုံးပြုပြသမယ့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်တွေကတော့ ရွေးကောက်ပွဲကော်မရှင်ကို ရောက်ရှိနေပြီလို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံ ရွေးကောက်ပွဲများတွင် မဲရုံများနဲ့ မဲရုံစောင့်ဝန်ထမ်းတွေ မဲရေတွက်သူတွေအဖြစ် စာသင်ကျောင်းနဲ့ ကျောင်းဆရာ/ဆရာမတွေကို အသုံးပြုလေ့ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ဟာ မဲမသမာမှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်ကအာဏာသိမ်းခဲ့ပြီးနောက် အစောဆုံးဆန္ဒပြသူများတွင် ကျောင်းဆရာ/ဆရာမများပါဝင်ခဲ့ပြီး CDM ပြုလုပ်ရာမှာလည်း အများဆုံးဝန်ထမ်းစာရင်းမှာရှိခဲ့ပါတယ်။
ပုံစာ-စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ပါတီများကို မဲပေးစက်ရှင်းလင်းပြသခဲ့စဉ်(ပုံဟောင်း)
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
YouTube- https://www.youtube.com/
Tiktok- https://www.tiktok.com/@dohpyay
#ရွေးကောက်ပွဲ #မြန်မာအီလက်ထရောနစ်မဲပေးစက်MEVM #ပြည်တက္ကသိုလ် #အခြေခံပညာ #ကျောင်းဆရာဆရာမ #သင်တန်း