

ဇွန် ၁၈၊ ၂၀၂၅။
ပဲခူတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်အပိုင်၊ ရန်ကုန်-ပြည်ကားလမ်း တနေရာ လမ်းဘေးမှာ မိုးရွာလို့ မိုးကားဝတ်နေတဲ့ လင်မယားနှစ်ဦးကို ကားကဝင်တိုက်လိုက်တဲ့အတွက် အမျိုးသားဖြစ်သူ သေဆုံးကာ အမျိုးသမီးကိုတော့ ဆေးရုံတင်ထားရတယ်လို့ ဒေသတွင်းနာရေးကူညီမှုအသင်းတွေဆီက သိရပါတယ်။
ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့ ၃ နာရီဝန်းကျင်ခန့်က သဲကုန်းမြိုန့ယ်၊ ချားလျှားကုန်းကျေးရွာနဲ့ ပျားစည်ကျေးရွာ ကြား ရန်ကုန်-ပြည်ကားလမ်းမှာ ယာဉ်တိုက်မှုဖြစ်ခဲ့တာဖြစ်ပြီး အတိုက်ခံရသူတွေဟာ ပေါင်းတည်မြို့နယ်၊ ကျီးမနိုးကျေးရွာကဖြစ်ပြီး ပြည်မြို့ကနေ ဆိုင်ကယ်ဝယ်ပြန်အလာ အခုလိုအတိုက်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
“ဪ .ကံဆိုးလိုက်ပုံများ လင်မယားနှစ်ယောက် ပြည်ကနေ ဆိုင်ကယ်အသစ်ဝယ်လာပြီးအပြန်မှာမိုးရွာလို့ လမ်းဘေးမှာ ဆိုင်ကယ်ရပ်ပြီး မိုးကာဝတ်နေတုန်း ကားက ဝင်တိုက်ရတယ်လို့ အမျိုးသားက ပွဲချင်းပြီးအမျိုးသမီးက ပြည်ဆေးရုံကြီးကို ဆက်လွှဲ” လို့ နာရေးကူညီမှုအဖွဲ့ဝင်တဦးက မှတ်ချက်ရေးထားပါတယ်။
သေဆုံးခဲ့သူအမျိုးသားကိုတော့ သူနေထိုင်ရာ ကျီးမနိုးကျေးရွာကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပြီး တိုက်သွားတဲ့ကားသမားကိုတော့ ဖမ်းမိတာမရှိသေးဘူးလို့ သိရပါတယ်။
ဓါတ်ပုံ-နာရေးကူညီမှုအသင်းကကူးယူဖော်ပြပါသည်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
YouTube- https://www.youtube.com/
Tiktok- https://www.tiktok.com/@dohpyay
#ပဲခူးတိုင်း #ပြည်ခရိုင် #ရန်ကုန်ပြည်ကားလမ်း #ယာဉ်တိုက်မှု #မှုခင်းသတင်း #လူထု #သတိပြုပါ