ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်း ဗီဒီယို (၈) သောင်း ပြည့်ပြီ

ဇွန် ၁၈၊ ၂၀၂၅။
 
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းဗီဒီယို ဖိုင် ၈၀၀၀၀ ပြည့်သွားပြီလို့ ကမ်ပိန်းကိုပြုလုပ်နေတဲ့ လူမှုကွန်ရက်စာမျက်နာကနေ ယနေ့ ဇွန်လ ၁၈ ရက်နေ့ နေ့လည် ၁၂ နာရီခွဲက ထုတ်ပြန်ကြေညာပါတယ်။
 
ဒီဗီဒီယိုဖိုဒ်တွေကိုတော့ ကမ္ဘာ့ဂင်းနစ်စံချိန်တင်ဖို့ ကြိုးစားနေတာဖြစ်ပြီး မနက်ဖန် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ မွေးနေ့ ညနေ အထိ ပေးပို့နိုင်ကြမှာလည်းဖြစ်တယ်လို့သိရပါတယ်။
 
ဗီဒီယိုဖိုဒ်တွေကို နယ်ပယ်အသီးသီးနဲ့ နိုင်ငံအသီးသီးက ပြည်သူလူထုတွေက ပေးပို့နေကြတာဖြစ်ပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် ထင်ရှားကျော်ကြားသူတွေလည်းပါဝင်ပါတယ်။
 
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
 
@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
YouTube- https://www.youtube.com/
Tiktok- https://www.tiktok.com/@dohpyay
#ဒေါ်အောင်ဆန်းစုကြည် #မွေးနေ့ #နှစ်၈၀ #ဂင်းနစ်စံချိန် #ရုပ်သံ #လူထု #မျှဝေပါ

You may also like these