ဒုဗိုလ်မှူးကြီးပါ သေဆုံးခဲ့တဲ့ မင်းလှနယ်ကို စစ်ရေးအရှိန်မြှင့်ဖို့ စစ်ကောင်စီက တင့်ကားတွေပါ ထုတ်ပြီး အင်အားဖြည့်လာ

ဇွန် ၁၉၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီကအရာရှိကြီးအဆင့်တွေပါ အထိနာဆုံးရှုံးခဲ့တဲ့အတွက် စစ်ရေးအရှိန်မြှင့်ဖို့ ပြင်ဆင်လာတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့မှာတော့ မင်းလှမြို့နယ် တာကလေး၊ စစ်ကွင်း နဲ့ ရန်ကုန်-ပြည်ကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်က တင့်ကားတွေကို တပ်ဖြန့်ထားပြီး စစ်ကူအင်အားကိုလည်း ၂၀၀ ခန့်အထိ တိုးမြှင့်ကာ ခေါ်ယူထားတယ်လို့ သိရပါတယ်။

“တင့်ကားတွေနဲ့ အပေါ်ကိုထိုးတက်ဖို့အစီစဉ်တွေစွဲနေတယ်။ အဲဒီမှာ အရာရှိကြီးတွေရောက်နေပြီး အပေါ်ကို အပေါက်ထိုးမဲ့ ဆိုပြီးသတင်းထွက်တယ်။ တိမ်းရှောင်ခိုင်းထားသူတွေကိုလည်း တိမ်းရှောင်ခိုင်းထားတယ်။ နေရာယူထားတာလည်းရှိတယ်” လို့ ၃၈၀၂ ဒုတပ်ရင်းမှူး ဧရာညီနောင်စစ်ကြောင်း ဦးဆောင်သူ ကိုညီညီ က ပြောပါတယ်။

တပ်ဖြန့်ထားတဲ့ စစ်ကောင်စီတပ်တွေကို အာရုံပြောင်းတဲ့အနေနဲ့ ယနေ့နံနက် ၂ နာရီကျော်ခန့်မှာ လက်ပံတန်းအနီးက ရေငံရွာစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေသေဆုံးထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ စစ်ကွင်းတာဆုံကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိ နေပြီး အရပ်ဝတ်တွေနဲ့ လှည့်လည်သွားလာနေတာတွေရှိတယ်လို့ သိရပါတယ်။

ဇွန်လ ၁၆ ရက်နေ့က တိုက်ပွဲတွေမှာတော့ စစ်ကောင်စီဘက်က ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်း၊ ဗိုလ်မှူးဖြိုးမင်းဦးနှင့် ဒုရဲမှူးကြီး စိုးခိုင်တို့ အပါအဝင် တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ဖြတ်သန်းသွားတဲ့ ပြည်သူ ၃ ဦးလည်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့သလို ဒေသခံအသက်(၈၀) ခန့်ရှိ အမျိုးသမီးတဦးလည်း စစ်ကောင်စီလက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ရပါတယ်။

ပုံစာ-မင်းလှမြို့နယ် ရန်ကုန်-ပြည်ကားလမ်းဘေး ယခင်တိုက်ပွဲမြင်ကွင်းပုံဟောင်း။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
YouTube- https://www.youtube.com/
Tiktok- https://www.tiktok.com/@dohpyay
#ပဲခူးတိုင်း #မင်းလှ #ရန်ကုန်ပြည်ကားလမ်း #စစ်ကွင်းတာဆုံ #တိုက်ပွဲပြင်းထန် #လူထု #သတိပြုပါ #မျှဝေပါ

You may also like these