

ဇွန် ၂၀၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းအပိုင်၊ သပြေလှကျေးရွာအနီးကို စစ်ကောင်စီရဲ့ စက်တပ်လေထီး(၁) စီး အရေးပါ်ဆင်းသက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန်လ ၁၉ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က အရေးပေါ်ဆင်းသက်ခဲ့တာဖြစ်ပြီး ပြည်မြို့ကနေ ပေါက်ခေါင်းမြို့ကို သွားအပြီး အပြန် မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“ရာသီဥတုမကောင်းလို့ ခဏဆင်းတာပါ။ ပြီးတော့ ပြန်မောင်းသွားတယ်။ ဒေသခံတွေလည်း အဝေးကနေ မြင်လိုက်ကြရတာ” လို့ ဒို့ပြည် ရဲ့ သတင်းရင်းမြစ် က ပြောပါတယ်။
အဲဒီစက်တပ်လေထီးဟာ ရွှေတောင်မြို့နယ်၊ ဘို့လည်ကုန်း၊ အမြှောက်တပ်ဘက်ကို ပြန်လည်မောင်းနှင်သွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ယမန်နေ့ နေ့လည် ၂ နာရီခန့်ကလည်း ပေါက်ခေါင်းမြို့နယ်၊ ကြိုးကြာရွာအနီး ကန်ဘောင်မှာ စစ်ကောင်စီတပ်သား(၂) ဦးထွက်ပြေးသွားတဲ့အတွက် စစ်ကောင်စီတပ်သားတွေက လိုက်လံပစ်ခတ်ဖမ်းဆီးတာမှာ (၁) ဦးပေါင်ကိုကျည်ထိမှန်သွားပြီး (၂) ဦးစလုံး ပြန်လည်မိသွားတယ်လို့ ဒေသတွင်းစစ်ရေးရင်းမြစ်က ပြောပါတယ်။
ပုံစာ-ဇွန်လ(၅) ရက်နေ့က ပေါင်းတည်မြို့နယ်ကို ဗုံးကြဲဖို့သွားတဲ့စက်တပ်လေထီး။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/ (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
#ပဲခူးတိုင်း #ပြည်ခရိုင် #သဲကုန်းမြို့နယ် #ပေါက်ခေါင်းမြို့နယ် #စက်တပ်လေထီး #လူထု #သတိပြုပါ