ပဲခူးရိုးမ ဘော်ဒါကျေးရွာက တောင်ယာသွားနေသူတွေရဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့

ဇွန် ၂၂၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါကျေးရွာရှိ နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၁ ရက်နေ့ ညနေ (၂) နာရီ ၁၅ မိနစ်ခန့်က ပဲခူးရိုးမ၊ ပေါက်ခါင်း-အုတ်တွင်းလမ်းမကြီးဘေးမှာရှိတဲ့ ဘော်ဒါကျေးရွာထဲက လူမနေတဲ့နေအိမ်တွေကို စစ်ကောင်စီရဲ့ တပ်သားတွေက မီးလိုက်ရှို့နေတယ်လို့ ပြည်ခရိုင် ၃၆၀၂တပ်ရင်း သတင်းပြန်ကြားတာဝန်ခံရဲဘော် Red Star က ဒို့ပြည် ကို ပြောပါတယ်။

“အခုမီးရှို့ခံရတဲ့ အိမ်တွေကလူမနေဘူး။ တောင်ယာဝင်ချိန်ဆိုတော့ တောထဲဝင်နေသူတွေရဲ့ နေအိမ်တွေကို ရှို့နေတာလို့ သိရပါတယ်” လို့ ရဲဘော် Red Star က ပြောပါတယ်။

မီးရှို့ခံရတဲ့ နေအိမ်ဘယ်နှစ်အိမ်ခန့်ရှိတယ်ဆိုတာကိုတော့ မသိရှိရသေးဘဲ ဒေသခံပြည်သူတွေလည်း ကြောက်တဲ့အတွက် သွားမကြည့်ရဲဘူးလို့ ဆိုပါတယ်။

အဲဒီလိုမီးရှို့နေတဲ့ တပ်သားတွေဟာ ဘော်ဒါကျေးရွာစာသင်ကျောင်းနဲ့ ကျေးရွာအနီး ရဲကင်းကုန်းက စစ်သားတွေဖြစ်တယ်လို့ သိရပါတယ်။

ဘော်ဒါကျေးရွာမှာ စစ်သား၊ သစ်တောရဲ နဲ့ ပျူစောထီး အင်အားစုစုပေါင်း (၅၅) ဦးခန့် တပ်စွဲနေထိုင်နေကြတယ်လို့ ဆိုပါတယ်။

ပုံစာ-၂၀၂၄ ခုနှစ် စက်တင်ဘာလက ဘော်ဒါကျေးရွာအုပ်ချုပ်ရေးမှူးလင်မယားကို PDF တွေက လိုက်လံရှင်းလင်းခဲ့စဉ်
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
#ပေါက်ခေါင်း #ပဲခူးရိုးမ #အုတ်တွင်းလမ်း #ဘော်ဒါကျေးရွာ

You may also like these