

ဇွန် ၂၄၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်အကျဉ်းထောင်ကြီးကို ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ကြီးက အကျဉ်းသားတွေကို ရွေ့ပြောင်းခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ နံနက် (၁၀) နာရီခွဲခန့်က ရောက်ရှိခဲ့တာဖြစ်ပြီး လုံခြုံရေးကား(၂) စီးအပါ ကား(၅) စီးနဲ့ ပြောင်းရွေ့ခဲ့တာလို့ စစ်ရေးရင်းမြစ်က ပြောပါတယ်။
“အဲလိုတော့ကြားပါတယ်။ ထောင်ထဲမှာ နည်းနည်းတော့ကျပ်သွားမဲ့ အနေအထားရှိပါတယ်။ ထောင်တွင်းနဲ့တော့ ကျနော်တို့ အဆက်သွယ်မရပါဘူး။ အခုပြောတာကတော့ အကျဉ်းထောင်နဲ့နီးစပ်သူက ပြောပြလို့ သိရတာပါ” လို့ ပြည်ခရိုင် စစ်ရေးရင်းမြစ်က ဒို့ပြည် ကို ယနေ့ဇွန်လ ၂၄ ရက်နေ့ နံနက်မှာပဲ ပြောပါတယ်။
ပြောင်းရွေ့လာတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသား(၉၀) ဦးပါဝင်ပြီး၊ ရာဇဝတ်ပြစ်မှုပြစ်ဒဏ် အကျဉ်းသား (၆၀) ပါဝင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ(၁၂) ရက်နေ့ကလည်း မုံရွာအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား/သူများအပါအဝင် အကျဉ်းသားအကျဉ်းသူ အယောက်(၂၀၀ ဝန်းကျင်) ထောင်ပြောင်းရွှေ့ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဆေးဝါးစောင့်ရှောက်မှု မလုံလောက်လို့ သေဆုံးခဲ့ရသူ ဇွန်လ(၁)ရက်နေ့အထိ ၁၁ ဦး အထိ ရှိခဲ့ပြီလို့ PPNM ရဲ့ စောင့်ကြည့်လေ့လာ စိစစ်မှုများအရသိရှိရပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
#ထောင်ပြောင်းရွေ့ #PoliticalPrisoners #ပြည်အကျဉ်းထောင် #နိုင်ငံရေးအကျဉ်း #အင်းစိန်အကျဉ်းထောင် #သတိပြုပါ