

NLD ပါတီဝင်တွေ နိုင်ငံရေးဆက်လုပ်ချင်ပါက PPP ပါတီကိုဝင်ကြဖို့ ဒေါက်တာသက်သက်ခိုင် ဖိတ်ခေါ်
ဇွန် ၂၇၊ ၂၀၂၅။
ပြည်တွင်းထဲမှာ ကျန်ရှိနေကြသေးတဲ့ အသင့်အတင့်သော NLD ထောက်ခံသူတွေ နဲ့ ပါတီဝင်တွေဟာ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ကိုလည်း ဝင်ရောက်နိုင်တယ်လို့ ဒေါက်တာသက်သက်ခိုင် က ပြောလိုက်ပါတယ်။
ဒေါက်တာသက်သက်ခိုင်ဟာ PPP ပါတီရဲ့ ဥက္ကဌဖြစ်ပြီး NLD ကနေ လာခဲ့သူဖြစ်တဲ့အတွက် ယခုလိုဖိတ်ခေါ်တယ်လို့ သူက ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့မှာ VOM သတင်းဌာနဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောခဲ့တာပါ။
“ကျမအနေနဲ့ဖိတ်ခေါ်တယ်၊ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်ချင်သေးတယ်ဆိုရင် NLD မှမဟုတ်ဘူး ကျမတို့လိုပါတီမျိုးလည်း ပူးပေါင်းဆောင်ရွက်လို့ရပါတယ်။” လို့ သူက ပြောပါတယ်။
NLD ပါတီကို ပြောရမှာ နှစ်ပိုင်းရှိပြီး ပထမပိုင်းမှာ ပြည်ပကိုထွက်ခွါ လက်နက်ကိုင်လမ်းစဉ်ကို သွားကြသူတွေမှာ အနည်းစုသာဖြစ်ပြီး ပြည်တွင်းထဲမှာလည်း NLD ပါတီထောက်ခံသူ ပါတီဝင်တွေအသင့်အတင့်ကျန်သေးပြီး ဒီလူတွေဘာကြောင့် ပါတီကို မှတ်ပုံပြန်မတင်ခဲ့တာလဲ ဆိုတာ ပါတီသက်ဆိုင်သူတွေ ကြိုးစားအားထုတ်မှုနဲ့ ဆိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် “နံပါတ်(၂) ကျတော့ သူတို့က တကယ်လို့ ပါတီမထောင်သည့်တိုင်အောင် ဒီလိုမျိုးသူတွေ နိုင်ငံရေးလမ်းစဉ်ကိုဆက်လျှောက်ချင်တယ် နိုင်ငံတည်ဆောက်ရေးလမ်းစဉ်မှာ ပါဝင်ချင်သေးတယ်ဆိုရင် တခြားပါတီတွေမှာ ရွေးချယ်ဝင်လို့ရတယ် ဆိုလို့ရှိရင် ကျမတို့ပါတီအနေနဲ့လည်း ဘယ်သူပဲလာလာဖိတ်ခေါ်တယ် ကျမတို့ပါတီအနေနဲ့လည်း ဖိတ်ခေါ်တယ်။ ကျမလည်း NLD က လာတဲ့သူဆိုတော့” လို့ ဒေါက်တာသက်သက်ခိုင်က ဆက်ပြောပါတယ်။
လက်ရှိမှာတော့ ငြိမ်းချမ်းရေးအခင်းအကျင်းနဲ့ ရွေးကောက်ပွဲအလားအလာ သုံးသပ်ဆွေးနွေးပွဲ Peace Forum 2025 ကို နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီက ဦးဆောင်ကျင်းပနေတာဖြစ်ပြီး ဇွန်လ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
#နိုင်ငံရေးပါတီ #ရွေးကောက်ပွဲ #လူထု #သတိပြုပါ #NLD #PPP #ငြိမ်းချမ်းရေး #ဒေါက်တာသက်သက်ခိုင်