ညောင်ခါးရှည်ဂိတ် X Ray မှာစစ်ဆေးစဉ် အမျိုးသမီး(၂) ဦးဆီက ပစ္စတို ၁၉ လက် ဖမ်းမိတယ်လို့ သတင်းထွက်

ဇွန် ၂၈၊ ၂၀၂၅။

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကနေ ဖြတ်လာတဲ့ အငှားကား(၁) စီးကို စစ်ဆေးတာမှာ အခုလိုရှာဖွေဖမ်းဆီးမိတာလို့ သိရပါတယ်။

မော်လမြိုင်ဖက်ကနေ ရန်ကုန်ကို ယာဉ်မောင်းဇော်မင်းအောင် မောင်းနှင်လာတဲ့ အငှားကားကို ဇွန်လ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၅၅ မိနစ်ခန့်က ညောင်ခါးရှည် X Ray စက်ကိုဖြတ်သန်းစစ်ဆေးတာမှာ အမျိုးသမီး(၂) ဦးဆီက ပစ္စတိုသေနတ် ၁၉ လက်၊ ကျည်အိမ် ၃၈ ခုနဲ့ ကျည်တွေကို ဖမ်းဆီးမိတာလို့ စစ်ကောင်စီချန်နယ်တွေက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ အဲဒီဖြစ်စဉ်တွေနဲ့ ဆက်စပ်ပတ်သက်နေသူတွေကို စစ်ကောင်စီက စုံစမ်းစစ်ဆေးနေပြီး စစ်ကောင်စီဝါဒဖြန့်လော်ဘီ တချို့ကတော့ ဒီသတင်းကို မထုတ်ပြန်သေးဘဲ ဆက်စပ်သူတွေကို လျှို့ဝှက်ဖမ်းဆီးသင့်တယ်လို့ လှုံဆော်နေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့်ကလည်း ခရီးသည်တင်ယာဉ်တစီးပေါ်က အမျိုးသားတဦးဆီကနေ ပစ္စတို ၁၆ လက်နဲ့ ခဲယမ်းတွေဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါသေးတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
#ညောင်ခါးရှည်ဂိတ် #XRay #စစ်ဆေးရေး #လူထု #သတိပြုပါ #ခရီးသွား

You may also like these