

ဇူလိုင် ၈၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ် ထဲမှာ စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့တွေက မြိုနေပြည်သူအချို့ကို သံသယနဲ့ ဖမ်းဆီးတာတွေ ပြုလုပ်လာနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဇူလိုင်လဆန်းပိုင်းက ပြည်မြို့၊ ဝါရုံမူလတန်းကျောင်း အနီးနေအိမ်တအိမ်ကို ဆေးခြောက်မသင်္ကာမှုနဲ့ ဝင်ရောက်ရှာဖွေခဲ့ပြီး သံသယရှိသူကို မတွေ့တဲ့အတွက် ဆွေမျိုးစပ်ဆက်တော်စပ်သူ လူငယ် ကိုဖမ်းဆီးပြီး ပြည်မြို့အခြေစိုက် အမှတ် ၉၅၉ အလုပ်ရုံတပ်ခွဲ (လျှပ်/စက်) ကို ပို့ဆောင်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“ဘယ်လိုပုံစံမျိုးတွေဖမ်းနေလဲဆိုတော့ ရပ်ကွက်တွေထဲမှာ အမှုဆင်ဖမ်းပြီးတော့ ထည့်နေသလိုဖြစ်နေတယ်။ ပထမကိစ္စမှာ ကျနော်တို့သိရတာက အိမ်နီးနားချင်းရန်ဖြစ်တာကို ရဲစခန်းခဏဆိုပြီး ခေါ်သွားပြီး ၉၅၉ ထဲကနေ စစ်မှုထမ်းထဲကိုပို့လိုက်တယ်” လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။
အဲဒီလိုရဲစခန်းပို့ဆောင်ခံရတဲ့ဖြစ်စဉ်ဟာ ဇွန်လအတွင်းကဖြစ်ပြီး ပါရမီရှင်လမ်းနားက လို့ ဆိုပါတယ်။
“အလားတူဖြစ်စဉ်တွေ ခဏခဏဖြစ်နေတယ်။ တချို့ကမပြောရဲကြဘူး။ ၉၅၉ ထဲမှာ လူငယ်တွေအများကြီးပဲ ညတွေအဖမ်းခံထားရတာ” လို့ မြို့ခံက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေမှာဆေးခြောက်ရောင်းတဲသံသယ၊ နှစ်လုံးသုံးလုံးရောင်းတာ၊ မသင်္ကာစရာလူရှိတယ်ဆိုပြီး စစ်ဆေးတာ၊ ဧည့်စာရင်းစစ်ဆေးတာမျိုးတွေနဲ့ ဖမ်းဆီးတာလို့ သိရပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံရသူတွေထဲက ငွေကြေးတတ်နိုင်သူတွေ နဲ့ ငွေမတတ်နိုင်သူတွေကို လူစားထိုးပြီး စစ်မှုထမ်းဖို့ ရဲနဲ့ ပျူစောထီးတွေကို ငွေပေးကာလုပ်ဆောင်မှုတွေလည်း တွင်ကျယ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay