ပန်းတောင်းမှာ လူငယ် ၃ ဦးကိုဖမ်းဆီးစဉ် ပြန်ကြည့်မိလို့ ရိုက်နှက်ပြီး ခြောက်ပေါက်ထဲ ချုပ်ထား

ဇူလိုင် ၉၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဝန်လိုရပ်ကွက်က လူငယ်(၃) ဦးကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၇ ရက်နေ့ ည ၁၀ နာရီခွဲခန့်က ဝန်လိုရပ်ကွက် က အသက်မပြည့်သေးတဲ့ ၁၇ နှစ်အရွယ် လူငယ်(၃) ဦးကို မသင်္ကာလို့ဆိုပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

“ရဲကဖမ်းတဲ့အချိန်မှာရိုက်တာပါ။ ပေတေတေကြည့်လို့ဆိုပြီး ရိုက်တာပါ။ ခြောက်ပေါက်ထဲမှာ ဖမ်းထားတယ်။ လိုက်နေကြတုန်းပဲ အခုထိအတွေ့မခံဘူး” လို့ မြို့ခံတဦးက ဒို့ပြည် ကို ပြောပါတယ်။

လာရောက်ဖမ်းဆီးသူတွေက ရဲတပ်ဖွဲ့ဗိုလ်လေးတဦးနဲ့ နယ်ထိန်းတဦးတို့ဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ခြောက်ပေါက်ထဲမှာ ချုပ်ထားတာလို့ ဆိုပါတယ်။

အလားတူ ဖမ်းဆီးခံရသူလူငယ်တွေကိုတော့ ထွေအုပ်ရုံးက ဒုမြို့နယ်ဦးချစ်ကိုကို နဲ့ ပူပေါင်းအဖွဲ့တွေက အသက်မပြည့်သေးပါက သိန်း ၃၀ ဝန်းကျင်ပေးမှသာ ပြန်လည်ရွေးထုတ်ပေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပန်းတောင်းမြို့နယ်ထဲမှာတော့ စစ်မှုထမ်းကြေးအဖြစ် တအိမ်ထောင်ကို ၃ သောင်းပေးရတယ်ပြီး လူစားထိုးထည့်ပေးရှာဖွေရသလို လူစားထိုးတဦးကို သိန်း(၆၀) ပေါက်စျေးရှိနေတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့လူငယ်တွေရဲ့ အသေးစိပ်အချက်အလက်နဲ့ပတ်သက်ပြီး ဒို့ပြည် က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these