နိုင်ငံရေးတက်ကြွလှုပ်ရှားမှုများနဲ့ လူသိများထင်ရှားသူ နိုင်ကျဉ်းတဦးလည်း ဖြစ်တဲ့ ဆရာတော်အရှင်ပညာသီဟ(ခေါ်) ရွှေညဝါဆရာတော်ဟာ ဒီကနေ့ ဇူလိုင်လ ၁၀ ရက် နံနက် ၂နာရီ ၅၄ မိနစ်က ပျံလွန်တော်မူသွားပြီဟု သိရပါတယ်။
ဆရာတော်ဟာ ရန်ကုန်မြို့ပုဂ္ဂလိကဆေးရုံတရုံမှာ အသည်းရောဂါနဲ့ ကွယ်လွန်တာဖြစ်တယ်လို့ နီးစပ်သူ ဒကာဒကာယမတွေက ဆိုကြပါတယ်။
ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ဆရာတော်ကို စစ်ကောင်စီက အာဏာသိမ်းတဲ့ နေ့ မှာပဲ ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ်ချမှတ်ကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့မှာတော့ အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ပြီး အသည်းရောဂါခံစားရကာ ကျန်းမာရေးချို့ယွင်းလာတာဖြစ်တယ်လို့ သိရပါတယ်။
ရွှေညဝါဆရာတော်ကို မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရွှေဒါးဂွေးကုန်းအုပ်စု၊ ဘုရားကုန်းရွာမှာ ၁၉၆၅ ခုနှစ်တွင် မွေးဖွားခဲ့တာဖြစ်ပြီး ပျံလွန်တော်မူချိန်မှာ သက်တော် ၆၀ (ဝါတော် ၂၇ ဝါ) ရှိ ပြီ ဖြစ်တယ်လို့ဆိုပါတယ်။
လက်ရှိမှာတော့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့၊ ရွှေညဝါကျောင်းတိုက်သို့ ဆရာတော်ရုပ်ကလပ် ကို ပြန်လည်ပို့ဆောင်မည် ဖြစ်ပြီး စျာပနကို စီစဉ်ဆောင်ရွက်မယ်လို့ သိရပါတယ်။
ဆရာတော်ပျံလွန်တော်မူတာဟာ မြန်မာနိုင်ငံရေးလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတရပ်အဖြစ် လူထုက ဝမ်းနည်းတသနေကြပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Tiktok- https://www.tiktok.com/@dohpyay