

(#BreakingNews)
ဇူလိုင် ၁၁၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်မှာ ယမန်နေ့ ဇူလိုင်လ ၁၀ ရက်နေ့ညကတည်းက လောင်စာဆီပြတ်လပ်သွားပြီလို့ မြို့ခံတွေဆီက သိရပါတယ်။
ဆီပြတ်လပ်မှုဟာ ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့အထိဖြစ်ပြီး၊ ရွာဘဲနယ်မြေ၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ New Day ဆီဆိုင်ကတော့ နံနက်ပိုင်းကတည်းက ပိတ်ထားတယ်လို့ ဆိုပါတယ်။
“မနက်ကထိ sunlight ကရလိုသွားတန်းစီကြတယ်။ ခုကတော့တမြို့လုံးပြတ်သွားပြီပြောနေကြတယ်။ ခုက ပြည်တမြို့ထဲကွက်ပြတ်သလို ကြားနေရတယ်။ ဘာတွေဖြစ်နေလဲမသိ တခြားမြို့ကဆီဆိုင်တွေအကုန် ဆီရကြပါတယ်” လို့ မြို့ခံအမျိုးသမီးတဦးက ဒို့ပြည် ကိုပြောပါတယ်။
ပြည်မြို့မှာ မနေ့ကထိ ဆီဆိုင်ကြီးတွေမှာ 92- ၁လီတာကို ၃၀၈၆ ကျပ်၊ လမ်းဘေးဆိုင်လေးတွေမှာ ၃၂၀၀ ကျပ် စျေးပေါက် နေတယ်လို့ သိရပါတယ်။
“ခုကတော့ တခြားမြို့တွေရပြီး ပြည်ပဲဘာလို့ဆီပြတ်ရတာလဲ စဉ်းစားမရလို့ပါ” လို့ မြို့ခံအမျိုးသမီးက ပြောပါတယ်။
ပေါင်းတည်မြို့မှာလည်း လောင်စာဆီစျေး ခုန်တက်သွားပြီး 92- ၁ လီတာကို ၃၁၀၀ ကျပ်၊ 95- ၁ လီတာ ၃၂၀၀ ကျပ်စျေးပေါက်ကာ ယခင်ရက်က 92- ၁ လီတာကို ၂၈၀၀ ကျပ်သာ ရှိတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ ပဲခူးတိုင်းအနောက်ခြမ်းကို စစ်ကောင်စီက လောင်စာဆီစဖြတ်တောက်နေပြီဆိုပြီး ၁ လီတာကို ၃၅၀၀ ပေါက်စျေးနဲ့ဝယ်နေရတယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ကလည်း ပြည်မြို့နယ်မှာ လောင်စာဆီပြတ်လပ်မှုကြောင့် မိုင်နဲ့ချီအောင် တန်းစီဝယ်ယူခဲ့ကြရပြီးဆိုင်ကြီးတွေမှာ ၁ လီတာကို ၃၀၀၀ ကျပ်နဲ့ မှောင်ခိုစျေးကွက် ၁ လီတာ ၄၀၀၀ ကျပ်အထိ စျေးပါက်ခဲ့ပါသေးတယ်။
ပုံစာ-ပြည်မြို့ New Day ဆီဆိုင်မှာတန်းစီဝယ်နေကြတဲ့ မြို့ခံတွေကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာကတွေ့ရစဉ်
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay