

အဲဒီလိုကူးစက်မှုတွေဟာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေဖြစ်ပွားပြီး တောင်ကုတ်မြို့ကို အာရက္ခတပ်တော်က ထိန်းချုပ်သိမ်းပိုက်လိုက်ပြီးနောက် စစ်ရှောင်တွေဟာ ရခိုင်ရိုးမကို ဖြတ်သန်းပြီး ပြည်မဘက်ကို မှောင်ခိုလမ်းကနေ တိမ်းရှောင်မှုကနေ စတင်တယ်လို့ ဆိုပါတယ်။
“လက်ရှိဖြစ်နေတာကတော့ ၃၀၀ လောက်ရှိတယ် အာရက္ခတပ်တော် ဆေးဘက်ဆိုင်ရာဌာန စစ်မေတွေက သူနာပြုတွေက အဓိကကုပေးနေတာ ရှိတယ်။” လို့ တောင်ကုတ်မြို့ခံအမျိုးသားတဦးက ဒို့ပြည်ကို ပြောပါတယ်။