ဥသျှစ်ပင်မှာ အသက်မပြည့်တဲ့ သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်သူ ဖခင်ကို ဖမ်းဆီး

ဇူလိုင် ၁၉။ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင် နယ်မှာ အသက်မပြည့်တဲ့ သမီးအရင်းကို ဖခင်ဖြစ်သူက အကြိမ်ကြိမ်အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေက သတင်းထုတ်ပြန်ပါတယ်။

ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်၊ မှာနေထိုင်တဲ့ မ—– (၁၅ နှစ်ကျော်) အား အရက်သေစာသောက်စားမူးယစ်နေတဲ့ ဖခင်–(၅၅ နှစ်) ဖြစ်သူ က ဇူလိုင်လ ၁၄ ရက်နေ့ နေ့လည် ၁၁ နာရီခန့်မှာ သားမယားအဖြစ်(၂) ကြိမ် ပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်ကို ကျူးလွန်ခံရသူ၏ အမဖြစ်သူက တရားလိုပြုလုပ်ကာ ဖခင်ဖြစ်သူကို ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၅ နာရီခန့်က ဥသျှစ်ပင်နယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တယ်လို့ ဆိုပါတယ်။

တရားလိုပြုလုပ်တိုင်တန်းခဲဲ့သူ မ–ဟာ ဇူလိုင်လ ၁၄ ရက်နေ့ က ရတနာပုံရပ်ကွက်မှာ ပန်းရံအလုပ်လုပ်ကိုင်နေတဲ့ ခင်ပွန်းဖြစ်သူကို ထမင်းပို့ပြီးအပြန် ညီမဖြစ်သူ(ကျူးလွန်ခံရသူ) က ပြောပြခဲ့တဲ့အတွက် အခုလို အမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။

အလားတူ လွန်ခဲ့တဲ့ (၂) လခန့်ကလည်း ရန်ကုန်မြို့ကို သွားရောက်လည်ပတ်ကြချိန်ကလည်း ဖခင်ဖြစ်သူဟာ မ—ကို သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ပြီး အရက်နဲ့ ကေသီပန်ကို တိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အလိုမတူဘဲ အဓမ္မပြုကျင့်သူ ဖခင်ကို (ပ)၇၃/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ-၃၇၆ နဲ့ အမှုဖွင့်ဖမ်းဆီးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these