

အမိန့်ချခံရသူတွေထဲ အမျိုးသမီးတွေလည်း ပါဝင်
ဇူလိုင် ၂၀၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်ထဲမှာ လိုင်စင်မဲ့ဆိုင်ကယ်တွေကို ဖမ်းဆီးနေပြီး အဖမ်းခံရသူတွေကို ထောင်ဒဏ်တွေ ချမှတ်နေပါတယ်။
အဲဒီလိုထောင်ဒဏ်ကျခံရသူတွေကို ပေါင်းတည်အကျဉ်းထောင်ကိုပို့ဆောင်ရာမှာ ထောင်အတွင်း အလုပ်ကြမ်းမလုပ်ရဖို့ နဲ့ တမံသလင်းပေါ်မှာ မအိပ်ရဖို့ အတွက် အကျဉ်းထောင်ကို ၁ သိန်းကျပ် ပေးရတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“အလုပ်ကြမ်းမခိုင်းဘူး၊ တမံတလင်းမအိပ်ရဘူး၊ နောက်မို့မိလ္လာထမ်းခိုင်းမှာ တသိမ်းပေးခဲ့ရတယ်။ သုံးလကျတာ ဘယ်ကမိလ္လာထမ်းခိုင်းလို့ရမလဲ နှစ်ကြီးသမားတွေက အစောကြီးထဲက လျော့ရက်နဲ့ ယူထမ်းပြီးသားပါ။” လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူက ဒို့ပြည် ကိုပြောပါတယ်။
ပေါင်းတည်အကျဉ်းထောင်မှာ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈ နဲ့ ဖမ်းဆီးခံရသူအများအပြားရှိနေပြီး ရာဂဏာန်းခန့်ရှိနိုင်တယ်လို့ မြို့ခံတွေက ခန့်မှန်းပါတယ်။
“ထောင်ကိုတခါသွားပို့ရင်အုပ်လိုက်ကြီး။ မရှိလို့လိုင်စင်မဲ့စီးတယ်၊ ဆိုင်ကယ်သိမ်းတယ်၊ ထောင်သုံးလကျတယ်၊ ထောင်ကထပ်ပြီးငွေညှစ်တယ်ဆိုတော့ ဘာမှမရှိတဲ့သူတွေ အပူပေါ်အပူဆင့်တာပဲ။” မြို့ခံတဦးက ပြောပါတယ်။
ပို့/သွင်း နဲ့ ဖမ်းဆီးခံရသူတွေကို ထောင်ဒဏ်(၃) လချမှတ်ခဲ့ပြီး ယခုရက်ပိုင်း အမိန့်ချခံရသူတွေကိုတော့ ထောင်ဒဏ်(၁) လပြောင်းလဲအမိန့်ချတယ်လို့ ဆိုပါတယ်။
ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈ မှာ ၃ နှစ်ထက်မပိုသော ထောင်ဒဏ်၊ ငွေဒဏ် တို့ကိုချမှတ်နိုင်ပြီး ဒဏ်နှစ်ရပ်လုံးကိုလည်း ပူးတွဲချမှတ်နိုင်တယ်လို့ ဆိုထားပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
#ဒို့ပြည်
#ပဲခူးတိုင်း #ပေါင်းတည်မြို့နယ် #အကျဉ်းထောင် #ပို့ကုန်သွင်းကုန် #လိုင်စင်မဲ့ #မော်တော်ယာဉ် #လူထု #သတိပြုပါ