

ဇူလိုင် ၂၀၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ထဲမှာ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက် တပ်စွဲ ပစ်ခတ်တာတွေကြောင့် ဒေသခံထောင်ချီစစ်ရှောင်နေကြရပြီး စားနပ်ရက္ခာပြတ်လပ်လာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က ကြို့ပင်ဝိုင်းက ကျေးရွာ(၃) ရွာကို စစ်ကြောင်းထိုး ပစ်ခတ်ဝင်ရောက်ခဲ့လို့ ဒေသခံတွေဟာ အရေးပေါ် ရှောင်တိမ်းခဲ့ရပါတယ်။
အဲဒီလိုအရေးပေါ်ရှောင်တိမ်းခဲ့ရသူ ဒေသခံ ၅၀၀ ခန့်ရှိပြီး မိုးရေထဲဖြစ်သလို မိသားစုတွေ ပေါင်းစုနေထိုင်ကြရတယ်လို့ ဒေသခံအမျိုးသမီးတဦးက ဒို့ပြည် ကို ပြောပါတယ်။