ကျောက်ဖြူမှာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲ

သက်တော် ၉၃ နှစ်ရွယ် သံဃာတပါး ဗုံးစထိမှန်ဒဏ်ရာရ

ဇူလိုင် ၂၂၊ ၂၀၂၅။

ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ ကျောက်ပြောက်ကျေးရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။

ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၆ နာရီခန့်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းထဲကို ဗုံး(၂) လုံးကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဗုံးစထိမှန်တဲ့ ဆရာတော်က ဒဏ်ရာပြင်းသလား၊ နည်းသလားများသလားဆိုတာ အသေးစိပ်ကို မသိရသေးဘူး၊ ဖြစ်သွားတာက ဒီမနက်မှ ဖြစ်သွားတာ၊ ဗုံးနှစ်လုံးကြဲသွားတယ်၊ ဘုန်းကြီးကျောင်းပျက်စီးတယ်” လို့ သတင်းရင်းမြစ်က ဒို့ပြည် ကိုပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရလို့ သက်တော်(၉၃) နှစ်အရွယ် ဆရာတော်အာစိဏ္ဏ ထိခိုက်ဒဏ်ရာရခဲ့ရသလိုကျောင်းဆောင်တွေနဲ့၊ ဓမ္မာရုံ တို့လည်း ပျက်စီးပြိုကျမှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ရွာထဲကိုမကျဘူး၊ အဓိကကဘုန်းကြီးကျောင်းကို ကြဲသွားတာ၊ ရည်ရွယ်ချက်ရှိရှိကြဲသွားတယ် ပြောရမှာပဲ။ ဒဏ်ရာရသွားတဲ့ ဆရာတော်က အဲဒီကျောင်းကဆရာတော်မဟုတ်ဘူး ဇရစ်ချောင်းရွာက စစ်ရှောင်ရင်း အဲဒီကျောင်းမှာ သီတင်းသုံးနေတာ အသက်ကကြီးနေပြီ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

တရုတ်ီမံကိန်းတွေရှိရာ ကျောက်ဖြူမြို့ကို အာရက္ခတပ်တော်-AA က အလုံးစုံမသိမ်းပိုက်နိုင်ဖို့အတွက် စစ်ကောင်စီက အင်အားသုံးခံခုနေပြီး AA အနေနဲ့လည်း ကျောက်ဖြူမြို့ကို သိမ်းပိုက်နိုင်ရေးအပြင် စီမံကိန်းတွေ မပျက်စီးအထိမနာဖို့အတွက် သတိကြီးကြီးထား စစ်ဆင်နေပုံရတယ်လို့ မြေပြင်နဲ့ နီးစပ်သူ ရခိုင်အမျိုးသားတဦး က သုံးသပ်ပါတယ်။

“တကယ်တမ်းတိုက်မယ်ဆို ရပါတယ်။ အင်အားကအကွာကြီးပဲ ဒါပေမဲ့ ကျောက်ဖြူမြို့နဲ့ စီမံကိန်းတွေကို အကောင်းအတိုင်းလိုချင်တဲ့အတွက် တလက်မချင်းစီတိုးနေပုံပါပဲ။” လို့ သူကပြောပါတယ်။

ရှမ်းမြောက်စစ်ဆင်ရေးတွေရဲ့နောက်ကွယ်မှာ မြို့တွေကို စစ်ကောင်စီက ပြန်လည်ရယူနိုင်ဖို့ တရုတ်က ဖိအားပေးတာတွေ ရှိခဲ့တဲ့အတွက် အာရက္ခတပ်အတွက်လည်း နမူနာယူစရာဖြစ်ပြီး ရခိုင်ပြည်ကတော့ တရုတ်နဲ့ ပထဝီအနေအထားအရ တိုက်ရိုက်ဖိအားပေးနိုင်တာမျိုး ရှိမနေဘူးလို့ ဆိုပါတယ်။

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these