

အလှူလုပ်သူပင် မရှိသလောက်နည်းလာ
ဇူလိုင် ၂၆၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ဒေသမှာ ရိုးရာဓလေ့ပွဲတော်တွေကို ကျင်းပတာမရှိတော့ဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။
တော်လှန်ရေးအင်အားစုများနယ်မြေစိုးမိုးမှုရလာပြီးနောက် ၂၀၂၄ ခုနှစ်တွင် မြိုင်နယ် အနောက်ပိုင်း ရိုးရာနတ်ပွဲကို ကျင်းပနိုင်ခဲ့ပေမဲ့ ယခုနှစ်မှာတော့ လေကြောင်းရန်ကြောင့် ရိုးရာပွဲတော်ကို မကျင်းပနိုင်ခဲ့ဖူးလို့ သိရပါတယ်။
“လေကြောင်းရန်ကြောင့်မဖြစ်တော့ပါဘူး။ မနှစ်ကတော့ဖြစ်လိုက်ပါသေးတယ်။ အဓိက ကလေကြောင်းရန်ကြောက်လို့ပါ။ လူစုရင်လေယာဉ်က ပစ်မှာ” လို့အညာမြေတပ်ပေါင်းစု သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်ဇင် က ဒို့ပြည် ကိုပြောပါတယ်။
အဲဒီနတ်ပွဲမှာ ရိုးရာနတ်တွေကို ပူဇော်ပသသည်ထက် ဒေသထွက်ပစ္စည်းတွေ၊ လယ်ယာလုပ်ငန်းခွင်သုံးပစ္စည်းတွေ၊ နှီးတောင်းမျိုးစုံနဲ့ မြေအိုး၊ မြေခွက်၊ ပဲလှော်မျိုးစုံ၊ ဆေးရွက်ကြီး စတာတွေကို တနေရာတည်းမှာ စုစုစည်းစည်းနဲ့ ရောင်းဝယ်ကြရာ ပွဲတော်ဖြစ်ပြီး ဒေသခံတွေနဲ့ စျေးသည်တွေ အားထားကြသည့် ပွဲတော်ကြီးတခုဖြစ်တယ်လို့ သိရပါတယ်။
“အခုကတော့ ဘာပွဲမှမလုပ်ကြပါ။ ယုတ်စွအဆုံးအလှူပွဲတောင်မလုပ်ပါ။ နောက်စစ်ဘေးရှောင်တွေလည်း အမျိားကြီးရှိနေတယ်” လို့ ကိုဘိုဘိုသန့်ဇင် ကပြောပါတယ်။
၂၀၂၅ ခုနှစ် မတ်လ ၄ ရက်နေ့က မြိုင်မြို့နယ်၊ ဆင်စိန်ကျေးရွာဘုန်းတော်ကြီး ကျောင်းကို စစ်ကောင်စီကလေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကပ္ပိယတဦးအပါ ၂ ဦးသေဆုံးခဲ့ပါတယ်။
ရိုးရာနတ်ပွဲကိုတော့ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ကနေ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်တာဖြစ်ပြီး မုံရွာနယ်၊ မြောင်၊ ရေစကြို နဲ့ မြိုင်၊ ပခုက္ကူ နယ်တွေကအထိ စျေးသယ်တွေလာရောက်ရောင်းချကြတယ်လို့ သိရပါတယ်။
ဓါတ်ပုံ-ဘိုဘိုသန့်ဇင် (၂၀၂၄ ခုနှစ် ရိုးရာနတ်ပွဲတော် မြင်ကွင်းများ)
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay