LGBTQ+ တို့ နဲ့အတူ စစ်ရှောင်ကူ ရံပုံငွေဂီတပွဲမှ ကျပ်သိန်း ၉၀၀ နီးပါးရရှိ စစ်ဘေးရှောင်တွေကို ကူညီသွားမယ်

ဇူလိုင် ၂၈၊ ၂၀၂၅။

တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၊ RainBow မြန်မာစားသောက်ဆိုင် မှာ LGBTQ+ တို့ နဲ့အတူ စစ်ရှောင်ကူ ရံပုံငွေတေးဂီတဖျော်ဖြေပွဲကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီရံပုံငွေပွဲကိုတော့ ဇူလိုင်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ဖျော်ဖြေပွဲကနေ ရံပုံငွေ (27,936,000 Won) မြန်မာငွေ ကျပ် သိန်း ၉၀၀ နီးပါးရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေဆီက သိရပါတယ်။

ရရှိငွေတွေကိုတော့ စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ ပညာရေးတို့အတွက် ထောက်ပံ့ကူညီသွားမှာဖြစ်ပြီး အလေအလွင့်မရှိစေရေး ထိထိရောက်ရောက် ဆောင်ရွက်သွားမှာဖြစ်ပြီး စာရင်းရှင်းတမ်းတွေကိုတော့ BPLS_Korea ၊ Against The Fear (ကြောက်ခေတ်ကိုမှောက်ပစ်အဖွဲ့)၊ ဆန်အလှူဆေးအကူခရီး Page တို့ကနေ ဖော်ပြသွားမယ်လို့ ဆိုပါတယ်။

ယခုပွဲမှာတော့ ရံပုံငွေရှာဖွေတာ ဆိုတာထက် ပိုမိုလေးနက်တဲ့ ရည်ရွယ်ချက်တွေပါရှိပြီး စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဘေးဒုက္ခအမျိုးမျိုး ကျရောက်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ ကဏ္ဍအသီးသီးမှာ အခက်အခဲအမျိုးမျိုး ကြုံတွေ့နေရတာကို LGBTQ+ တို့ ရဲ့ ပါဝင်မှုအင်အားတွေနဲ့ အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

“လူ့အခွင့်အရေး၊ LGBTQ+အခွင့်အရေး၊ တန်းတူညီမျှမှုနှင့်လွတ်လပ်မှုအတွက် ဆက်လက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးစိတ်ဓါတ်တွေကို ဂုဏ်ပြုရင်း လူမှုအသိုင်းအဝိုင်းတခုလုံးရဲ့ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ဟာ ကွဲပြားမှုများကို ဂုဏ်ယူရင်း ချစ်ခြင်းမေတ္တာ၊ အရှိတရားကိုလက်ခံဖို့နဲ့ တရားမျှတမှုတို့အတွက် အတူတကွ ရပ်တည်ကြမှာဖြစ်ပါတယ်။” လို့ ပါဝင်သူတဦးက ပြောပါတယ်။

လူမျိုး၊ အသားအရောင်၊ လိင်စိတ်တိမ်းညွတ် ခံယူမှုအပေါ် မူတည်၍ ခွဲခြားဆက်ဆံမှုများကို လျှော့ချပြီး စည်းလုံးညီညွတ်မှုကို ခံစားရမှုကနေ စည်းလုံးရေးနဲ့ ပိုမိုကျယ်လောင်တဲ့အသံတွေကနေ လွတ်လပ်ပြီးတရားမျှတတဲ့နိုင်ငံတော်သစ်ဆီ ကို သွားနေတယ်လို့ ဆိုပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these