ပြည်မြို့နယ်မှာ ပြည်သူ့စစ်ခေါင်းဆောင်လှမြင့် ဦးဆောင်ပြီး စစ်မှုထမ်းတပ်သားတွေ ဆက်တိုက်စုဆောင်း

ဩဂုတ် ၄၊ ၂၀၂၅။
 
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်နယ်မြေ၊ ခွေးရဲရွာမအုပ်စု ချင်ရုတ်ကုန်းကျေးရွာက ပြည်သူ့စစ်ခေါင်းဆောင် လှမြင့်ဦးဆောင်ပြီး နယ်မြေထဲမှာ အခုလို လုပ်ဆောင်နေတာလို့ သိရပါတယ်။
 
လှမြင့်ဦးဆောင်ပြီး စစ်မှူထမ်းတပ်သားသစ် စာရင်းပြုစုပေးတာ၊ ကင်းလှည့်တာ၊ ပြည်သူ့ကာ‌ကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး စကစကိုသတင်းပေးပို့တာတွေအပြင် သူနေထိုင်တဲ့ နယ်မြေစပ်ဆက်နေရာတွေမှာ ပြည်သူ့စစ် အင်အားအသစ် စုဆောင်းတာတွေကိုလည် ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အခုကသူကတအားဆိုးလာတယ်။ ပေါင်းတလည်မြောက်ဘက်ခြမ်း တင်မဟုတ်ဘဲ၊ ဝက်ထီးကန် အပိုင်ထဲက ချောင်းခွအပိုင်ထဲက စစ်တပ်အသိုင်းအဝိုင်း ဖိုးချိုနဲ့ ပူးပေါင်းပြီး ပျူစောထီးသင်တန်းဆိုပြီ လူသစ်စုဆောင်းပြီး နယ်ချဲ့နေတယ်။” လို့ ဒေသခံတဦးက ဒို့ပြည် ကိုပြောပါတယ်။
 
လှမြင့်ဟာ ယခင်က ကြက်ခြေနီရပ်ရွာတွေမှာ ဆေးထိုးကာ နောက်ပိုင်း ကြံ့ခိုင်ရေးပါတီအမာခံဖြစ်သလို အာဏာသိမ်းပြီးချိန်မှာတော့ အခုလို ပြည့်သူ့စစ်ဖြစ်လာသူ လို့ ဆိုပါတယ်။
“သူ့အဖွဲ့ကပဲ ထောက်လှမ်းပြီး သူကတဆင့် ဗိုလ်ကြီးဆိုသူနဲ့ ပေါင်းတလည်ရဲစခန်းကို ထူးခြားမှုရှိရင် ရှိသလို သတင်းပေးရတယ်၊ ပြည်နဲ့ ပေါင်းတလည်ဘက်တွေမှာ လူကြီးလမ်းကြောင်းရှိရင်လဲ သူတို့အဖွဲ့က လုံခြုံရေးအတွက် မြို့ပေါ်က စခ၊ ရခ၊ ပျူ တွေနဲ့အတူ ပူးပေါင်းဖို့ သွားရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ပေါင်းတလည်ထွေအုပ်ရုံးမှာ အလှည့်ကျကင်းစောင့်တာ၊ ဧည့်စာရင်းစစ်၊ ဆိုင်ကယ်ဖမ်းတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
 
ပြည်သူ့စစ်မှုထမ်း သင်တန်းတွေကို ပေါင်းတလည်ထွေအုပ်ရုံးထဲမှာ ပေးနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
 
ပုံစာ-ပြည်သူ့စစ်ခေါင်းဆောင် လှမြင့်နှင့် သူအဖွဲ့ဝင်များ
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these