ရခိုင်ပြည်တောင်ပိုင်းမှာ တိုက်ပွဲတွေပြန်ဖြစ်လာ စစ်ကောင်စီက ရေလမ်းကုန်းလမ်းကနေ စိမ့်ဝင်နိုင်ဖို့ ကြိုးစား

ဩဂုတ် ၅၊ ၂၀၂၅။
 
ရခိုင်ပြည်တောင်ပိုင်းမြို့တွေ ဖြစ်တဲ့ မအီ၊ သံတွဲ၊ ငပလီနဲ့ ဂွ တို့မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းဗုံးကြဲတာအပြင် တိုက်ပွဲငယ်လေးတွေပြန်လည် ဖြစ်ပွားလာနေတယ်လို့ ဒေသတွင်းသတင်းရစ်မြစ်က ဒို့ပြည် ကိုပြောပါတယ်။
 
ယမန်နေ့ ဩဂုတ်လ ၄ ရက် နေ့လည် ၁ နာရီကျော်ခန့်က တောင်ကုတ်မြို့နယ်၊ မအီမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဂျက်ဖိုက်တာ နဲ့ ၂ ကြိမ်လာရောက်ဗုံးကြဲတဲ့အပြင် စက်သေနတ်နဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
 
ဒီပစ်ခတ်မှုမှာ ဒေသတွင်းပြည်သူတွေ ထိခိုက်တာမရှိဘဲ စစ်ကောင်စီရဲ့ ယခင်ရဲစခန်းအဟောင်းခြံဝန်းထဲကို ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ဩဂုတ်လ ၂ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်ကလည်း ပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီရေတပ်သင်္ဘောကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် သံတွဲမြို့နယ်၊ ငပလီ၊ ဂျိတ္တောကျေးရွာ၊ အမှတ်(၄) ရပ်ကွက် ထဲကနေအိမ် တချို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
 
“၁၀၅ မမ တွေထင်တယ် အမြှောက်ကြီးတွေလက်နက်ကြီးအမြှောက်နဲ့ပစ်တာပေါ့ ကမ်းကထောက်လို့မမီလောက်တဲ့ လက်နက်ဆိုတော့ ကမ်းဝေးကို တော်တော်သွားတယ်ထင်တယ်။ ရှော့တိုက်ဒုန်းတောင်မမီဘူး ဂျိတ္တော (၄)ရပ်ကွက် ကနေအိမ်တွေ ထိတယ်” လို့ ဒေသတွင်းကအမျိုးသားတဦး က ဒို့ပြည် ကိုပြောပါတယ်။
 
စစ်ကောင်စီရေတပ်က သံတွဲ့မြို့နယ်အပိုင် ပင်လယ်ရေပြင်ထဲမှာ စခန်းချထားတဲ့ သင်္ဘောတွေရှိကာ ပြီးခဲ့တဲ့ လပိုင်းက ကမ်းနားအထိ ကပ်လာတာမျိုးရှိတယ်လို့ ဆိုပါတယ်။
 
“စကစ ကရေတပ်က စပိဘုတ်လေးတွေနဲ့ ကမ်းထိုးပြီး စစ်အင်အားကိုတင်သွင်းနေတယ်လို့ လည်းကြားတယ်။ နောက်ပြီးကုန်းလမ်း ကြောင်းကနေလည်း ရတဲ့နည်းနဲ့ အနည်းငယ်စိမ့်ဝင်လာတဲ့ပုံစံမျိုးရှိတယ်။ အဲဒီအစုအဖွဲ့လေးတွေနဲ့ အချို့နေရာလေးတွေမှာတိုက်ပွဲဖြစ်တယ်ကြားတယ်။” လို့ ဒေသတွင်းက အမျိုးသားတဦးက ပြောပါတယ်။
အထူးသဖြင့် ကျိန္တလီမြို့ နဲ့ ဂွမြို့ ကြား ထိတွေ့တိုက်ပွဲလေးတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က စိမ့်ဝင်လာနေတယ်လို့ ပြောပါတယ်။
 
အာရက္ခတပ်တော်အနေနဲ့နလည်း သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ကင်းလှည့်တာ စစ်ကောင်စီတပ်သားတွေကို ရှာဖွေတာတွေရှိတဲ့အတွက် လွန်ခဲ့တဲ့ တပတ်ခန့်က တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
 
ဓါတ်ပုံ-လူမှုကွန်ရက် (ဩဂုတ်လ ၂ ရက်နေ့နဲ့ ၄ ရက်နေ့က စစ်ကောင်စီလက်နက်ကြီး လေကြောင်းကနေ ပစ်ခတ်ခံခဲ့ရတဲ့ မအီမြို့နဲ့ ဂျိတ္တောကျေးရွာ နေအိမ်များ

You may also like these