ယာယီသမ္မတဦးမြင့်ဆွေ ယနေ့ ကွယ်လွန်သွားပြီ

ဩဂုတ် ၇၊ ၂၀၂၅။

ယာယီသမ္မတဦးမြင့်ဆွေဟာ ယနေ့ ဩဂုတ်လ ၇ ရက် နံနက် ၈ နာရီ ၂၈ မိနစ်မှာ အမှတ်(၂) စစ်ဆေးရုံမှာ ကွယ်လွန်သွားပြီလို့ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင် က သတင်းထုတ်ပြန်ပါတယ်။

ယမန်နေ့ ဩဂုတ်လ ၆ ရက်နေ့က ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီး မီဒီယာ အချို့မှာ တင်ခဲ့ကြပေမဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်ချုပ်ဇော်မင်းထွန်း က ငြင်းဆိုခဲ့ပါတယ်။

ယာယီသမ္မတဦးမြင့်ဆွေရဲ့ ကျန်းမာရေးအခြအနေဟာ အထူးစိုးရိမ်ဖွယ်ရာ အခြေအနေ ကိုရောက်ရှိနေပြီလို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က ယနေ့ ဩဂုတ်လ ၅ ရက်နေ့ ညနေက သတင်းထုတ်ပြန်ခဲ့တာပါ။

ဒီထုတ်ပြန်ချက်ဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ယာယီသမ္မတတာဝန်နဲ့ အစိုးရသစ်တရပ်ဖွဲ့စည်းပြီး ၅ ရက်အကြာ မှာပဲထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ယာယီသမ္မတဦးမြင့်ဆွေဟာ ၂၀၂၃ ခုနှစ်ကတည်းက အာရုံကြောများ နှေးကွေးတု့န်ဆိုင်းသည့်ရောဂါ(Parkinson’ Disease) နဲ့ စပ်ဆက် အာရုံကြောအားနည်းရောဂါ ကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဆေးကုသမှုအဆင့်ဆင့်ကို ခံယူခဲ့သော်လည်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ အတွင်းမှာ ကိုယ်အလေးချိန်လျော့ကျတာ၊ အစာကောင်းစွာမစားနိုင်တာ၊ အဖျားတက်တာ၊ ဦးနှောက်နိုးကြားမှုလျော့နည်းလာတာတွေ ဖြစ်လာလို့ ဇူလိုင်လ(၂၄) ရက်နေ့မှာပဲ အမှတ်(၂) စစ်ဆေးရုံ ခုတင်(၁၀၀၀) မှာ တက်ရောက်ကုသနေရတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဦးမြင့်ဆွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) လက်ထက်မှာ ဒုတိယသမ္မတ တာဝန်ယူခဲ့ပြီး စစ်အာဏာသိမ်းချိန် သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းပြီးနောက် ယာယီသမ္မတာဝန်ကို ဆက်လက်ယူခဲ့တာဖြစ်ပါတယ်။

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

 

You may also like these