

ဩဂုတ် ၁၁၊ ၂၀၂၅။
ပဲခူးတိုင်း(အနောက်ခြမ်း)၊ ရွှေတောင်မြို့နယ်၊ ညောင်စာရေးမှာ စစ်ကောင်စီရဲအုပ်တဦးရဲ့ သားအသက်မပြည့်သေးသူကို ညောင်စာရေးရဲကင်းက ဒုရဲအုပ်နဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့က သေနတ်ပစ်ဖောက် ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်းပြည်သူဆီက သိရပါတယ်။
ဇူလိုင်လ ၂၉ ရက်နေ့ က ညောင်စာရေးရဲကင်းက ဒုရဲအုပ်ချစ်ကိုကိုသွင် နဲ့ ညောင်စာရေးအုပ်ချုပ်ရေးမှူး တို့ဟာ အင်အားသုံးပြီး သေနတ်(၃) ချက်ပစ်ဖောက်ကာ ရဲအုပ်သားကို ဝင်ရောက်ဖမ်းခဲ့တဲ့အတွက် ရွာမှာ ဆူပူမှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
“ကလေးအဖေကလည်းရဲဘဲနှစ်ပွင့်နဲ့ တခြားမှာဝာာဝန်ကျနေတာ။ အဲကလေးက ရွာထဲက အမကြီးတယောက်ကိုဆဲတာကို ဝင်ဖမ်းတာ။ နောက်တော့ ညောင်စာရေးရဲကင်းကနေ တရုတ်မှော်ရဲစခန်းမှာရှင်းကြတယ်။ ပြီးတော့ တရားရုံးကိုလွှဲလိုက်တယ်။ အမှုကဆဲမှုတရားရုံးကိုဦးတိုက်လျှောက်ရမှာ အခုတော့အမှုရင်ဆိုင်နေတယ်” လို့ ဒေသတွင်းမှပြည်သူတဦးက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲအုပ်ဖြစ်သူကလည်း ရဲချုပ်ရုံးအထိ တိုင်ထားတယ်လို့ ဆိုပါတယ်။
“ချစ်ကိုကိုသွင်က ပြည်သူအပေါ်အမတန်ရိုင်းပျတယ်။ ညောင်စာရေးရဲကင်းနားမှာလည်း လောင်းကစားဝိုင်းကို ခွင့်ပြုထားတယ်” လို့ ဒေသတွင်းမှ ပြည်သူတဦးက ပြောပါတယ်။
ရွှေတောင်-ညောင်စာရေးကားလမ်းဘေး၊ ဆင်သေကျေးရွာ သီဟိုဋ်သရက်တောမှာ ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့ကစပြီး ဂျင်၊ ကြက်ဝိုင်းနဲ့ လောင်းကစားဝိုင်းတွေကို ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay