ပေါင်းတည်မှာ လွတ်ငြိမ်းနိုင်ကျဉ်း LGBT ဒီဇိုင်နာချယ်ရီဝိုင် ကို စစ်တပ်ကပြန်ဖမ်း

ဩဂုတ်လ ၁၈၊ ၂၀၂၅။
 
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ် က နိုင်/ကျဉ်း တဦးဖြစ်တဲ့ အလှဖန်တီးရှင်ဖက်ရှင်ဒီဇိုင်နာ ချယ်ရီဝိုင် ကို စစ်ကောင်စီက ဩဂုတ်လ ၁၃ ရက်နေ့မှာ ပြန်လည်ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေဆီ က သိရပါတယ်။
 
ချယ်ရီဝိုင်ကို ပေါင်းတည်မြို့နယ်ထဲက ရွာတရွာမှာ ဖမ်းဆီးသွားတာဖြစ်ပြီး သဲကုန်းမြို့နယ်အချုပ်မှာ စစ်ကြောရေးလုပ်နေတာ ၅ ရက်ခန့်ရှိပြီဖြစ်လို့ စိုးရိမ်နေကြတယ်လို့ နီးစပ်သူတဦး က ပြောပါတယ်။
 
“သံသယဖြစ်လို့ဆိုပြီး ပြန်ဖမ်းတာပဲ။ မိသားစုနဲ့တော့ အဆက်သွယ်ရသေးတယ်လို့ကြားတယ်။ သူလွတ်လပ်ရေးနေ့ကမှ လွတ်ငြိမ်းနဲ့ပြန်လွတ်လာတာပါ။” လို့ နီးစပ်သူတဦးက ဒို့ပြည် ကို ပြောပါတယ်။
 
၂၀၂၃ ခုနှစ်၊ ဇွန်လ က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းခဲ့အတွက် ပုဒ်မ-၅၀၅ နဲ့ ထောင်(၃) နှစ် ချမှတ်ခံရပြီး ၁ နှစ်ခွဲကျော်အကြာ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်ငြိမ်းနဲ့ပြန်လည် လွတ်မြောက်လာခဲ့တာလို့ သိရပါတယ်။
 
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
 
 
 

You may also like these