စစ်ကောင်စီတပ်သား(၅) ဦးသေဆုံးပြီး (၃) ဦးအရှင်ဖမ်းမိခဲ့တဲ့ ပဲခူးရိုးမတိုက်ပွဲ

ဩဂုတ် ၁၉၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမအဝေးပြေးလမ်းဘေးက စစ်ကောင်စီရဲ့ ဂိတ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၅ နာရီကျော်ခန့်က ပေါက်ခေါင်းနဲ့ အုတ်တွင်းမြို့နယ်ခြား အဝေးပြေးကားလမ်း အစပ်မှာ စစ်ကောင်စီအင်အား (၄၂) ဦးနဲ့ အထိုင်ချတပ်စွဲစစ်ဆေးနေတဲ့ ဘော်ဒါရွာဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီတပ်သား(၅) ဦးသေဆုံး၊ (၃) ဦးအရှင်ဖမ်းဆီးမိကာ (၃) ဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these