

(ရုပ်သံ)
ဩဂုတ် ၂၂၊ ၂၀၂၅။
မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌဦးကျော်စွာစိုး က လာမယ့်ရွေးကောက်ပွဲ မှာ မဲမထည့်ကြမဲ့ပြည်သူတွေကို ခွေးလို့ သုံးနှုန်းလိုက်ပြီး ရိုင်းစိုင်းစွာ ပြောဆို ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် KNU ကိုလည်း ပုတ်ခတ်ပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး တောထဲမှာပဲနေပြီး မြို့ပေါ်ကိုမလာဖို့ လူရွာမသွင်းဘူးပြောသလို တိုင်းပြည်ကိုဖျက်ဆီးနေသူ တွေလို့လည်း ပြောဆိုခဲ့ပါတယ်။
အဲဒီရုပ်သံဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့က ကြံ့ခိုင်ရေးပါတီနဲ့ အခြားပါတီတွေ တွေ့ဆုံပွဲအပြီး မီဒီယာတွေနဲ့ တွေဆုံစဉ်မှာ ပြောဆိုခဲ့တာပါ။
ဒီမေးမြန်းမှုကိုတော့ စစ်ကောင်စီထောက်ခံသည့် PAN တယ်လီဂရမ်ချန်နယ်ကဖော်ပြခဲ့ပြီး ပါတီရဲ့ youtube ကနေလည်း ယမန်နေ့ ဩဂုတ်လ ၂၁ ရက်နေ့ ကဖော်ပြခဲ့ပါတယ်။