

(ရုပ်/သံ)
“သွားနှင့်တော့” ကဗျာရွတ်ဆိုမှု
သြဂုတ်၂၄၊ ၂၀၂၅။
နိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့ မန္တလေးအကျဉ်းထောင်မှာ ၁၄ နှစ်ကျော်ကြာထိန်းသိမ်း ခံခဲ့ရတဲ့ စာရေးဆရာနောင်ကျော်(ခ) ဦးဌေးသိန်း ရဲ့ စျာပနကိုတော့ ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့က ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီနာရေးကိုတော့ ဆရာနောင်ကျော်ကိုချစ်ခင်ကြတဲ့ စာပေအသိုင်းအဝန်း နိုင်ငံရေးအဝန်းအဝိုင်းနဲ့ ဆွေမျိုးမိသားစုတွေ လိုက်ပါပို့ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဆရာနောင်ကျော်(၆၈ နှစ်) ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၅ နာရီခန့်က ဒေါပုံမြို့နယ်နေအိမ်မှာပဲ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။