ပဲခူးရိုးမထဲမှာ စစ်တပ်စစ်ကြောင်း Sniper နဲ့ ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံး

🟥 ကျည်တွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိ
 
ဩဂုတ်လ ၂၉၊ ၂၀၂၅။
 
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို ၃၆၀၁ တပ်ရင်း Sniper အဖွဲ့ က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က ကျောက်ကြီးတောင်ဂိတ်စခန်းကနေ အင်အား (၈၀) ခန့်နဲ့ ရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ကို ၃၆၀၁ တပ်ရင်း Sniper အဖွဲ့က (၂)ချက်ပစ်ခတ်တိုက်ခိုက်ရာ (၁) ဦးသေဆုံးပြီး (၁) ဦး ဒါဏ်ရာရရှိသွားခဲ့တယ်လို့ ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့သတင်းပြန်ကြားတာဝန်ခံ ဆီက သိရပါတယ်။
 
သေဆုံးဒဏ်ရာရသူတွေကို သယ်ဆောင်ကာ ကျောက်ကြီးတောင်ဂိတ်ကို ပြန်လှည့်လာတဲ့ စစ်ကြောင်းကို အဲဒီနေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်က ပြန်ချီတက်ရွာနဲ့ ညောင်နီပင်ရွာကြားမှာ ဗျူဟာ(၂၁) ကွပ်ကဲမှုအောက် ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ (၅) က ပဒေသာမိုင်း(၄) လုံးနဲ့ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်တပ်သား (၅) ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရကာ (၄) ဦးကတော့ မစိုးရိမ်ရ ဒဏ်ရာတွေ ရသွားတယ်လို့ သိရပါတယ်။
 
“လက်ရှိအခြေနေကတော့ကျောက်ကြီးတောင်ကို ပြန်ဆုတ်ပြီးအင်အား ထပ်ဖြည့်ထားတယ်။ ဒေသတွင်းပြည်သူတွေ အခြေအနေအေးပါတယ်။” လို့ ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့သတင်းပြန်ကြားတာဝန်ခံ က ဒို့ပြည် ကိုပြောပါတယ်။
 
ဒါဏ်ရာရသူတွေကိုတော့ အထမ်း (၉) ထမ်း နဲ့ ကျောက်ကြီးတောင်ဂိတ်စခန်းကို သယ်ဆောင်ပြီး အဲဒီကတဆင့် မှတ်တိုင်ဘက်ကနေ ဖောကားနဲ့ ရွှေတောင်မြို့နယ်ကုတင် (၁၀၀) စစ်ဆေးရုံ ကို ပို့ဆောင်လိုက်တယ်လို့ သူက ဆက်ပြောပါတယ်။
 
တိုက်ခိုက်မှုအပြီး နယ်မြေရှင်းလင်းရေးလုပ်ရာ (၅.၅၆) ကျည် အတောင့် (၂၀၀)၊ အီနာဂါ (၁)လုံး နဲ့ အခြား စစ်အသုံးဆောင်ပစ္စည်းအမျိုးမျိုးတို့ကို သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။
 
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
 

You may also like these