ပြည်မြို့ကို ယနေ့ နံနက်မှာ မုန်တိုင်း NOGNFA အကြွင်းအကျန်ရောက်မယ်

(Breakingnews)
 
စက်တင်ဘာ ၁၊ ၂၀၂၅။
 
ယနေ့ စက်တင်ဘာ ၁ ရက်နေ့ နံနက်အစောပိုင်းကနေ နေ့လည်ပိုင်းအထိ မုန်တိုင်း NOGNFA ရဲ့ အကြွင်းအကျန်လေပွေလှိုင်းတွေ ရှောက်ရှိလာနိုင်ပြီး မိုးများနိုင်သလို မိုးသက်လေပြင်းလည်း ကျနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဩဂုတ်လ ၃၁ ရက် ည ၁၀ နာရီခန့်မှာ ကြေညာထားပါတယ်။
အဲဒီလိုရောက်ရှိလာမဲ့ မုန်တိုင်းအကြွင်းအကျန်ကြောင့် ပဲခူးတိုင်း(အရှေ့+အနောက်) ၊​ မကွေးတောင်ပိုင်း၊​ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဧရာဝတီတိုင်းမြောက်ပိုင်း၊ ၊မန္တလေးတောင်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့မှာ မိုးများနိုင်သလို မိုးသက်လေပြင်းလည်း ကျေရာက်နိုင်ပြီး လေပြင်းကျစဉ်မှာ တနာရီကို မိုင် ၃၀ အထက် တိုက်ခိုက်နိုင်တယ်လို့ဆိုပါတယ်။
 
၂၄ နာရီအတွင်း မိုးရေချိန် ၄ လက်မအထက်ရွာသွန်းနိုင်ပြီး မိုးများနိုင်မယ်လို့ သိရပါတယ်။
 
ပြည် နဲ့ ဧရာဝတီမြစ်အနောက်ဘက်ကမ်း မြို့တွေမှာ ယမန်နေ့ ဩဂုတ်လ ၃၁ ရက်နေ့ နေလည်ပိုင်းကတည်းက မိုးသည်းထန်းစွာရွာလို့ ချောင်းရလျှံတာ၊ လေပြင်းတိုက်ခိုက်လို့ သစ်ပင်ကြီးတွေ လဲပြိုတာတွေ ဖြစ်ခဲ့ပါသေးတယ်။
 
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
#မိုးလေဝသသတင်း #သတိပြုပါ #ကြိုတင်ပြင်ဆင်ရန် #မုန်တိုင်း #မိုးသက်လေပြင်း #မုန်တိုင်း #ရာသီဥတု
 

You may also like these