

(photo essays)
စက်တင်ဘာ ၈၊ ၂၀၂၅။
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၇ ရက် (တနင်္ဂနွေနေ့) ည သန်းခေါင်ယံအချိန်မှာ ဖြစ်ပေါ်ခဲ့တဲ့ လကြတ်ခြင်းဖြစ်စဉ်အဆင့်ဆင့်ကို မြန်မာပြည်ထဲကနေတွေ့မြင်ရတဲ့ပုံတွေဖြစ်ပါတယ်။
ဒီဖြစ်စဥ်ဟာ နက္ခတ်တာရာ ဖြစ်စဉ်တစ်ခုဖြစ်ပြီး နေ/ကမ္ဘာ/လတို့ တစ်တန်းတည်း ကျရောက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဖြစ်စဥ်တစ်ခုဖြစ်ပါတယ်။
စက်တင်ဘာ၇- ရက် မြန်မာစံတော်ချိန် ည ၁၀ နာရီ မှာ လ ဟာ ကမ္ဘာရဲ့ အရိပ်ဖျော့အတွင်းသို့ စတင်ဝင်ရောက်ပြီး ၁၀ နာရီ ၅၇ မိနစ်မှာ အရိပ်စစ်ထဲသို ဆက်လက်ဝင်ရောက်ပါတယ်။
ည ၁၂ နာရီ တိတိမှာတော့ ကမ္ဘာရဲ့ အရိပ်စစ်အတွင်းသို့ လုံးဝ ဝင်ရောက်သွားပြီး လ မျက်နှာပြင်တစ်ခုလုံးဟာ အနီရောင် သန်းသွားပါတယ်။ ည ၁၂ နာရီ ၄၂ မိနစ်ဟာ လ အကြတ်ဆုံးအချိန်ဖြစ်ခဲ့ပြီး ည ၁ နာရီ ၂၃ မိနစ်မှာ ကမ္ဘာရဲ့ အရိပ်စစ်ကနေ ပြန်လည်ထွက်ခွာသွားပါတယ်၊၂ နာရီ ၂၆ မိနစ်မှာ အရိပ်ဖျော့ ထဲကို ပြန်လည် ဝင်ရောက်ကာ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၃ နာရီ ၂၅ မိနစ်မှာ လကြတ်ခြင်းဖြစ်စဉ် ပြီးဆုံးခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်စဉ်တွေကို ဓါတ်ပုံဆရာ-LAP က မှတ်တမ်းတင်ထားတာပဲ ဖြစ်ပါတယ်။
photo-LAP
#ဒို့ပြည်
#photoessays #လကြတ်ခြင်း #သဘာဝဝန်းကျင်